Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟐 𝐒𝐭𝐨𝐩 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬


မကောင်းမြင်စိတ်၊ အဆိုးမြင်စိတ် လို့ပြောရင် အဓိပ္ပာယ်တွေ အများကြီးရှိနိုင်ပါတယ်။

ဒီနေ့ကျွန်မတို့ ဦးတည်ပြောချင်တဲ့ အကြောင်းအရာကတော့ မိမိကိုယ်ကိုပေါ် ဖြစ်တတ်လာတဲ့ မကောင်းမြင်စိတ်၊အဆိုးမြင်စိတ် အကြောင်းပါ။

ဥပမာအားဖြင့် “ငါကြိုးစားနေရဲ့သားနဲ့ အဆိုးတွေပဲကြုံနေရတယ်။ ငါဘာအတွက်ကြိုးစားနေရတော့မှာလဲ။” ဆိုတဲ့ အတွေးမျိုးပါ။

Allah (سبحانه وتعالى)မှ ကိုယ့်အပေါ် ချီးမြှင့်ပေးထားတဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ သံသယဝင်လာတဲ့ အတွေးမျိုးတွေကို ရည်ညွှန်းပြောဆိုချင်တာဖြစ်ပါတယ်။

တကယ်တော့ ခုလိုအတွေးတွေက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေအ‌ပေါ်အ‌ခြေခံပြီး ဖြစ်ပေါ်လာနေတာပါ။ ဒီလို အတွေးဝင်ပြီဆိုတာနဲ့ ကိုယ်ရဲ့ အပြုအမှုတွေကလည်း ဒီလို ခံစားချက်တွေ နည်းတူ တုံ့ပြန်တော့မှာပဲ ဖြစ်တယ်။

ကြိုးစားချင်စိတ်ပျောက်လာတာမျိုးတွေ၊ စိတ်ဓာတ်ကျတာတွေ၊ မျှော်လင့်ချက်ပျောက်ဆုံးသွားတာမျိုးတွေ၊ Allah (سبحانه وتعالى) ရဲ့ အကူအညီကို မမျှော်လင့်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

အဆိုးဆုံးအခြေအနေနဲ့ ငါဆုတောင်းနေလည်း၊ ငါကောင်းမှုတွေပဲ လုပ်နေလည်း Allah (سبحانه وتعالى) မှ ငါ့ကို မချစ်ပေးတာ၊ မဖြည့်ဆည်း‌ပေးတာဆိုပြီး နမာဇ်ဝတ်ပြုတာမျိုးကိုပါ ရပ်တန့်လိုက်ကြတာမျိုးအထိ ဖြစ်လာတတ်ကြပါတယ်။

အဲ့လိုတွေမဖြစ်ရလေအောင် ကျွန်မတို့ ဒီအတွေးတွေကို ဘယ်လိုရပ်တန့်ကြမလဲ။ 

ပထမဦးဆုံးအနေနဲ့ ဒီလိုအတွေးတွေ ပေါ်လာပြီဆိုတာနဲ့ ဒါက ရှိုင်တွာန် ဆီက လာတဲ့အတွေးဆိုတာကို အရင် သိနားလည်အောင်လုပ်ပါ။

ပြီးရင် အအူဿုဘီလ်လာဟိမိနရှ်ရှိုင်တွာနီရ်ရဂျီမ် (أَعُوذُ بِاللَّهِ مِنَ الشَّيْطَانِ الرَّجِيمِ) (အသျှင်မြတ်ထံတော်မှ နှင်ထုတ်ခြင်းခံရသော ရှိုင်တွာန်မာရ်နတ်၏ နှောင့်ယှက်ခြင်းမှ ကင်းလွတ်စေရန် အလ္လာဟ်အသျှင်မြတ်ထံ ဆုပန်ပါ၏။)ဟု တစ်ကြိမ်ရွတ်ဆိုလိုက်ပါ။

ထိုနည်းအားဖြင့် မကောင်းမြင်စိတ် ပေါ်လာတိုင်း အဲ့အတွေးတွေကို လက်မခံဘဲ တွန်းထုတ်ရင်း အထက်ပါနည်းလမ်းအတိုင်း အလေ့အကျင့်တစ်ခု အနေနဲ့ ပြုလုပ်သွားသင့်ပါတယ်။

ဒီလိုအလေ့အကျင့်သာရနေခဲ့မယ်ဆိုလျင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ Allah (سبحانه وتعالى) မှ ချီးမြှင့်ပေးထားတဲ့ စွမ်းရည်တွေကို အကောင်းဆုံး အသုံးပြုပြီး confident ရှိတဲ့ မွတ်စ်လင်မ် တစ်ယောက် ဖြစ်လာမှာ မလွဲမသွေပါဘဲ။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟏 𝐒𝐭𝐚𝐫𝐭𝐬 𝐰𝐢𝐭𝐡 𝐁𝐢𝐬𝐦𝐢𝐥𝐥𝐚𝐡 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟑 𝐀𝐯𝐨𝐢𝐝 𝐕𝐚𝐢𝐧 𝐓𝐚𝐥𝐤