Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟑 𝐀𝐯𝐨𝐢𝐝 𝐕𝐚𝐢𝐧 𝐓𝐚𝐥𝐤


ကျွန်မတို့ မကောင်းမြင်စိတ်၊ အဆိုးမြင်စိတ် နှင့် ပတ်သက်တဲ့အကြောင်းတွေ၊ ဒီအတွေးတွေက ရှိုင်တွာန်ဆီကလာတယ်ဆိုတာသိပြီး ဘယ်လို ရပ်တန့်ပစ်ရမလဲဆိုတာတွေ ကို Habit No.2 မှာ ပြောခဲ့ပြီးပါပြီ။

ဒီနေ့ Habit No.3 အနေနဲ့ ပြောမဲ့ အကြောင်းအရာလေးကတော့ “အနှစ်သာရမရှိတဲ့/ အကျိုးမရှိတဲ့ စကားတွေပြောဆိုခြင်းကို ရှောင်ကြဉ်ဖို့” ပဲ ဖြစ်ပါတယ်။

အကျိုးမရှိတဲ့အကြောင်းအရာတွေ၊ စကားတွေကို ပြောဆိုခြင်းက ကျွန်မတို့ရဲ့ တက်ကြွစွာလုပ်ဆောင်နိုင်စွမ်း (Productivity) တွေကို လျော့ပါးစေနိုင်တဲ့ အပြင် ငရဲပါကြီးနိုင်ပါသေးတယ်။

ဒါဆိုရင် အကျိုးမရှိတဲ့စကားတွေပြောကြတယ် (Vain talk) ဆိုတာက ဘာတွေများဖြစ်မလဲ။

အကျိုးမရှိတဲ့စကားတွေဆိုတာက အန္တရာယ်မဖြစ်နိုင်ဘူးဆိုပေမဲ့ အကျိုးမဖြစ်စေတဲ့အရာမျိုး ဖြစ်ပါတယ်။ (ဥပမာအားဖြင့် Facebook ပေါ်မှာမြင်တွေ့လိုက်ရတဲ့ တစ်စုံတစ်ယောက်ရဲ့ ပို့စ် သို့မဟုတ် ဓာတ်ပုံ ကို မလိုအပ်ဘဲ မှတ်ချက်/ထင်ကြေးပေးလိုက်တာမျိုး)

ဒါ့အပြင် အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာမျိုးလည်း ဖြစ်ပါတယ်။ (ဥပမာ အားဖြင့် အတင်းပြောခြင်း (တခြားသူရဲ့ အမှားကို ထောက်ပြပြောဆိုခြင်း) နှင့် အသရေဖျက်ခြင်း (တခြားသူအကြောင်းကို လုပ်ကြံပြောဆိုခြင်း) )

ဘယ်လိုပဲဖြစ်ပါစေ အဲ့စကားနှစ်မျိုးလုံးက လူကို အလွန်အမင်း အကျိုးမဖြစ်စေတဲ့ အရာတွေပါပဲ။

ဒါ့ကြောင့် တချို့လူတွေက ကျွန်မတို့လိုပဲ တစ်နေ့မှာ ၂၄ နာရီ တန်းတူရှိတယ်ဆိုပေမဲ့ ကျွန်မတို့ထက်ပိုပြီး အကျိုးရှိတဲ့အရာတွေ ပိုလုပ်နိုင်နေတယ်၊ အလုပ်တွေ ပိုပြီးမြောက်နေပါတယ်။ ဘာလို့လဲဆိုတော့ Allah (سبحانه وتعالى) မှ သူတို့ ကို ချီးမြှင့်ပေးထားတဲ့ မိနစ်တိုင်းကို တန်ဖိုးထားပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေကြလို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်မတို့တွေကလည်း ကျွန်မတို့အချိန်တွေကို တရိပ်ရိပ်နဲ့ ကုန်ဆုံးသွားစေပြီးတော့ တကယ့်အရေးကြီးတဲ့ အရာတွေကို အာရုံမစိုက်နိုင်ဘဲ အာရုံထွေပြားစေမဲ့ အနှစ်သာရမရှိ၊ အကျိုးမရှိတဲ့ စကားမျိုး ပြောဆိုခြင်းကို ရှောင်ရှားတဲ့ အလေ့အကျင့်ကောင်းလေးကို တ‌ဖြေးဖြေး မွေးမြူသွားကြရအောင်နော်။

ကျွန်မတို့အတူတူ တစ်နေ့တာလုံးမှာ ကိုယ့်အတွက် အရေးကြီးတဲ့အရာတွေကိုသာအာရုံစိုက်ပြီး အချိန်ကို အကျိုးရှိရှိ ဖြတ်သန်းသွားကြရအောင်နော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟐 𝐒𝐭𝐨𝐩 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟒 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞