Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟏 𝐒𝐭𝐚𝐫𝐭𝐬 𝐰𝐢𝐭𝐡 𝐁𝐢𝐬𝐦𝐢𝐥𝐥𝐚𝐡


ကျွန်မတို့တွေသည် လုပ်သမျှကောင်းမှုတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို ဗိစ်မိလ်လားဟိရ်မားနိရ်ရဟီးမ် ( بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ) လို့ ရွတ်ဆိုပြီး ပြုလုပ်လေ့ရှိပါတယ်။

ဗိစ်မိလ်လားဟိရ်မားနိရ်ရဟီးမ် ( بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ) ဆိုသည်အမှာ Allah(سبحانه وتعالى) သည် အလွန်တရာ သနားကရုဏာတော်နှင့် ပြည့်စုံသောမူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင် ဖြစ်သည့်အတွက် ကျွန်မတို့လုပ်ဆောင်မဲ့ ကိစ္စကို Allah (سبحانه وتعالى) ၏ ကူညီစောင့်မမှု ရရှိမယ်ဆိုတာကို သိရှိပြီး ယုံကြည်ချက်အပြည့်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။

ကိစ္စတစ်ခုပြုလုပ်ပြီးသည်နှင့်တပြိုင်နက် အလ်ဟမ်းဒုလိလ္လာဟ် (ٱلْحَمْدُ لِلَّٰهِ)ဟု ရွတ်ဆိုတတ်ကြပါသည်ဆိုသည်မှာ ကျွန်မတို့ ပြုလုပ်နေတဲ့ ကိစ္စကို အောင်မြင်စွာပြီးဆောင်သည်အထိ လုပ်ဆောင်ခွင့်ပေးသည့်အတွက် Allah (سبحانه وتعالى) ၏ ကျေးဇူးတော်ကို ချီးကျူးဖော်ဆောင်ခြင်း ဖြစ်ပါသည်။

Arabic Grammer ရှုထောင့်အရကြည့်မယ်ဆိုလျင် بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ ဆိုသည်မှာ စာကြောင်း (Sentence) တစ်ခုထက်တိုတဲ့ စကားလုံး (Word) တစ်ခုထက်ပိုတဲ့ စာအပိုင်းအစ (Fragment) တစ်ခု သာဖြစ်ပါသည်။ စာကြောင်းတစ်ခုသာ မဟုတ်ခဲ့ဘူးဆိုလျင် ကျွန်မတို့သိထားတဲ့ အသိအရ စာအပိုင်းအစ တစ်ခု တည်းက ပြီးပြည့်စုံတဲ့ အဓိပ္ပာယ်တစ်ခု မဟုတ်ပါဘူး။ စာကြောင်းတွေကသာ ပြည့်စုံတဲ့ ဘာသာစကားတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီစာကြောင်းကိုလည်း တစ်ဝက်ကနေ ရပ်ထားလို့မရပါဘူး။ بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ ဟု စိတ်ကဖြစ်စေ၊ နှုတ်ကဖြစ်စေ ရွတ်ဆိုပြီးတော့ ကိုယ်ကြံရွယ်ထားတဲ့ ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်မှသာ ပြီးပြည့်စုံတဲ့ ဘာသာစကားတစ်ခုဖြစ်သွားပါတယ်။

ဥပမာအားဖြင့် အလွန်တရာ သနားကရုဏာတော်နှင့် ပြည့်စုံသောမူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၏ နာမတော်ဖြင့် အစပြု၍ ကျွန်မစားလိုက်ပါသည်။ ကျွန်မတို့ စားလိုက်တဲ့ အပြုအမှုကသာ بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ ဆိုတဲ့ Fragment ကို ပြည့်စုံတဲ့ Sentence တစ်ခု ဖြစ်စေမှာ ဖြစ်သလို အပြန်အလှန်အားဖြင့် ကျွန်မတို့ ပြုလုပ်သမျှအရာတိုင်းကလည်း بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ မရွတ်ဆိုဘဲနဲ့ မပြီးပြည့်စုံနိုင်ပါဘူး။

ဗိစ်မိလ်လားဟိရ်မားနိရ်ရဟီးမ် ( بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ) ရွတ်ဆိုခြင်းဖြင့် အစပြုလုပ်ဆောင်မှသာ ကျွန်မတို့ ပြုလုပ်မဲ့အရာတိုင်းက အောင်မြင်စွာပြီးဆုံးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်မတို့တွေလည်း အရာတိုင်းကို သတိတရ بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ ကို ရွတ်ဆိုခြင်းဖြင့် အစပြုလုပ်ဆောင်ပြီး မမေ့လျော့ ကိစ္စပြီးမြောက်တိုင်းမှာလည်း ٱلْحَمْدُ لِلَّٰهِ လို့ ရွတ်ဆို တတ်တဲ့ အကျင့်လေးတစ်ခု ဒီနေ့က စ တူတူ လုပ်ဆောင်သွာကြရအောင်နော်။

Allah (سبحانه وتعالى) ၏ နာမတော်ဖြင့် အစပြု၍ ပြုလုပ်သမျှကိစ္စတိုင်းမှာ Allah (سبحانه وتعالى) ၏ ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်၊ ခွင့်လွှတ်ခြင်းတရားများနှင့် စောင့်ရှောက်မှုများ ရရှိကြပါစေ။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟐 𝐒𝐭𝐨𝐩 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬