Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟓 𝐀𝐜𝐜𝐞𝐩𝐭𝐢𝐧𝐠 𝐓𝐡𝐞 𝐆𝐨𝐨𝐝 𝐚𝐧𝐝 𝐓𝐡𝐞 𝐁𝐚𝐝


ပြီးခဲ့တဲ့အလေ့အကျင့်တွေမှာတော့ Allah (سبحانه وتعالى) ရဲ့ plan က ကျွန်မတို့ plan တွေထက် အများကြီးပိုသာလွန်ကောင်းမွန်တယ်ဆိုတဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။

ယုံကြည်သက်ဝင်သူတွေအတွက် ကျွန်မတို့အတွက် ဖြစ်သမျှကိစ္စတိုင်းက ဆိုးတယ်ဆိုတာမရှိပါဘူး။

ဘာတွေပဲဖြစ်နေနေ အဆိုးလို့ကျွန်မတို့ထင်နေရင်တောင်မှ နောက်ကွယ်မှာ ပိုကောင်းတဲ့အကြောင်းတရားရှိနေတယ်ဆိုတာကို ကျွန်မတို့ လက်ခံယုံကြည်နိုင်ဖို့လိုပါတယ်။

ဒီိလိုလက်ခံနိုင်ဖို့ဆိုတာကလည်း အပြောအရသာ လွယ်မယ်ထင်ရတာပါ။

တကယ်လက်ခံနိုင်ဖို့က အလေ့အကျင့်လုပ်ယူဖို့အထိကို ခက်ခဲပါတယ်။

ကျွန်မတို့တွေဟာ အများအားဖြင့် ကံဆိုးမိုးမှောင်ကျတိုင်း လူ့သဘာဝအရ “ဘာလို့ ငါ့မှာပဲ ဖြစ်နေရတာလဲ?” ဆိုတာမျိုး အရင်ဆုံး မေးတတ်၊ ညည်းတတ်ကြတယ်။ ဒီမေးခွန်းမမေးခင်မှာ သေရေးရှင်‌ရေးအခြေအနေတွေ (crises) ကို Islamic perspective က‌နေ မြင်တတ်ဖို့လိုပါတယ်။

crises တွေကို ဖန်ဆင်းရှင် ရဲ့ စမ်းသပ်မှုတွေနဲ့ ဆင်းရဲဒုက္ခတွေ (trials and tribulations ) လို့ Islamic perspective အရ သတ်မှတ်ထားပြီး ဒီလို စမ်းသပ်မှုတွေက လူတွေကို ဖိနှိပ်ဖို့အတွက်တော့ မဟုတ်နေပါဘူး။

စမ်းသပ်မှုတွေအကုန်လုံးက လူသားတွေအတွက် ကောင်းဖို့၊ အကျိုးရှိဖို့အတွက်ဆိုတာကိုလည်း သတိပြုမိနေဖို့ အရေးကြီးပါတယ်။

Trials and tribulations တွေက စိတ်ဝိညာဉ် သန့်စင်စေဖို့ အထောက်အကူဖြစ်နေသလို၊ လူ့ဘဝ တည်ရှိနေမှုရဲ့ အကြောင်းအရင်းအမှန် ကို သိမြင်စေပြီး စိတ်ဝိညာဥ်ကိုပါ ရှင်သန်ဖွံ့ဖြိုးစေမဲ့ အလားအလာတွေရှိပါတယ်။

စမ်းသပ်မှုတစ်ခုပြီးတိုင်းရလဒ်အနေနဲ့ လူတစ်ဦးမှာရှိနေတဲ့ သက်ဝင်ယုံကြည်မှုပိုးတိုးလာသင့်သလို ဖန်ဆင်းရှင် နှင့် ပိုမိုနီးကပ်လာသင့်တယ်၊ စိတ်ကျန်းမာရေးလည်း ပိုမိုအားကောင်းလာသင့်ပါတယ်။

ဒါ့ကြောင့်အရှေ့မှာ ကျွန်မတို့ ပြောခဲ့သလိုဘဲ ဘဝမှာ ကောင်းတာလည်းရှိသလို ဆိုးတာတွေလည်းရှိမယ်။

ဖြစ်လာသမျှကလည်း ပိုကောင်းတဲ့အရာကို ဦးတည်နေတယ်ဆိုတာကို ဆင်ခြင်သုံးသပ်တဲ့အကျင့်လေး လုပ်ကြည့်သွားမယ်ဆိုရင်တော့ ဘဝက ပိုနေပျော်စရာကောင်းလာပါလိမ့်မယ်။

ကျွန်မရဲ့ မိတ်ဆွေတို့လည်း ကြုံနေသမျှအဆိုးတွေကြားထဲမှာ ပိုပြီးကောင်းမွန်တဲ့အရာတွေကို မြင်တတ်ပြီး အမြန်ဆုံးအခက်အခဲတွေ ပြေလည်ပါစေလို့ ဆုမွန်ကောင်း ဒိုအာတောင်းလိုက်ပါတယ်ရှင်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟒 𝐓𝐫𝐮𝐬𝐭𝐢𝐧𝐠 𝐀𝐥𝐥𝐚𝐡’𝐬 𝐏𝐥𝐚𝐧 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟔 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐏𝐚𝐭𝐢𝐞𝐧𝐜𝐞