Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟔 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐏𝐚𝐭𝐢𝐞𝐧𝐜𝐞


ကျွန်မတို့တွေက စိတ်ရှည်သည်းခံတတ်ဖို့လိုသလို ဒီလိုသည်းခံတတ်တဲ့လူတိုင်းနဲ့အတူ Allah (سبحانه وتعالى) က အတူတကွရှိနေပါတယ်လို့ Allah (سبحانه وتعالى) ပြောထားကြောင်း ကျမ်းမြတ်ကုရ်အာန်ထဲမှာ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်အရ ကျွန်မတို့ဘယ်လိုအခြေအနေ၊ ဘယ်လိုကိစ္စတွေကိုပဲ ကြုံနေရပါစေ Allah (سبحانه وتعالى)က ကျွန်မတို့နဲ့ တသားတည်းရှိနေတဲ့အတွက် ကျွန်မတို့အားလုံးက ပိုပြီးသက်ဝင်ယုံကြည်မှုရှိသင့်သလို စိတ်ရှည်သည်းခံတတ်သင့်ပါတယ်။

အထူးသဖြင့် ကျွန်မတို့ဖြစ်ချင်တာတွေ၊ စီစဉ်ထားတာတွေ မဖြစ်လာတဲ့ အခါမျိုးမှာ Allah (سبحانه وتعالى) ရဲ့ plan ကို ယုံကြည်ပြီး စိတ်ရှည်သည်းခံတတ်ဖို့ အရေးအကြီးဆုံးပါ။

အရှေ့မှာ ပြောခဲ့သလိုပါဘဲ၊ တစ်ခါတစ်လေ အဆိုးတွေကြုံနေရတယ်ဆိုတာ Allah (سبحانه وتعالى) နဲ့ ကျွန်မတို့ ပိုနီးစပ်မှုရှိနိုင်ဖို့၊ ကျွန်မတို့ရဲ့ သည်းခံနိုင်စွမ်းတွေကို စမ်းသပ်ဖို့လည်း ဖြစ်နေနိုင်ပါတယ်။

ဒါဆိုရင် ကျွန်မတို့ လက်ရှိဖြစ်နေတဲ့ စိုးရိမ်စိတ်တွေကို ဘယ်လိုထိန်းကြမလဲ။

Islamic Perspective အရ crisis များအပေါ် ဆင်ခြင်နိုင်စွမ်းက controlling emotions လို့ခေါ်တဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ရာမှာ အသုံးဝင်ပါတယ်။

လူသားတွေဟာ စိတ်ခံစားမှုရှိကြတဲ့ သက်ရှိသတ္တဝါ (emotional creatures) တွေဖြစ်ကြပါတယ်။

ဖန်ဆင်းရှင်မှလည်း လူတွေကို ရယ်မောနိုင်စွမ်းရောငိုကြွေးနိုင်စွမ်းနဲ့ပါ ဖန်ဆင်းပေးထားပါတယ်။

စိတ်ခံစားချက်တွေက သဘာဝအတိုင်းဖြစ်ပျက်နေတာမို့ လုံးဝမခံစားတတ်ဖို့ ကြိုးစားလို့မရပေမဲ့ အစွန်းမရောက်ပဲ အလယ်ထဲမှာထိန်းထားနိုင်ဖို့က ကျွန်မတို့ဘဝရဲ့ အဓိကအကျဆုံး အချက်ပါပဲ။

စမ်းသပ်မှုတွေရဲ့ ရည်ရွယ်ချက်တွေကိုသိရှိပြီးတော့ ဖန်ဆင်းရှင်က လမ်းညွှန်ထားတဲ့အတိုင်း စိတ်ခံစားချက်တွေကို ဘယ်လိုထားရမလဲသိခြင်းအားဖြင့် religious coping behavior လို့ ခေါ်တဲ့ သာသနာကိုမြဲမြံစွာစွဲကိုင်ထားတတ်တဲ့ အပြုအမှုတွေကို အခြေခံထားပြီး စိတ်ခံစားချက်တွေကို ထိန်းနိုင်စွမ်း၊ သင့်တော်သလိုတုံ့ပြန်နိုင်စွမ်းတွေရှိနေမယ်ဆိုရင် ဘဝမှာအောင်မြင်မှု ရကိုရနိုင်ပါတယ်။

ဒါ့ကြောင့် အချုပ်ပြန်ပြောရမယ်ဆိုရင်တော့ ဘာတွေပဲ ကြုံလာပါစေ Allah (سبحانه وتعالى) က ကိုယ်နဲ့အတူတသားတည်း ရှိနေတယ်ဆိုတာကို ယုံကြည်တဲ့စိတ်နဲ့ စိတ်ရှည်သည်းခံတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို ကြိုးစားမွေးမြူကြည့်ပါလို့ အားပေးတိုက်တွန်းလိုက်ပါရစေနော်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟓 𝐀𝐜𝐜𝐞𝐩𝐭𝐢𝐧𝐠 𝐓𝐡𝐞 𝐆𝐨𝐨𝐝 𝐚𝐧𝐝 𝐓𝐡𝐞 𝐁𝐚𝐝 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟕 𝐌𝐨𝐫𝐧𝐢𝐧𝐠 𝐑𝐨𝐮𝐭𝐢𝐧𝐞