Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟑𝟎 𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫𝐢𝐧𝐠 𝐃𝐞𝐚𝐭𝐡


ကျွန်မတို့တွေဟာ တစ်နေ့နဲ့တစ်နေ့ အချိန်တော်တော်များမှာ သေခြင်းတရားကို မေ့လျော့ပြီး ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနေလေ့ရှိပါတယ်။

မသေချာမှုတွေများလွန်းနေတဲ့ ဒီဒွန္နတ်ယာမှာ သေချာတဲ့အရာတစ်ခုက သေခြင်းတရားပဲမို့ ဒီလိုစိတ်နဲ့သာ ဆင်ခြင်နေမယ်ဆိုရင် ကျွန်မတို့ရဲ့ အချိန်တွေကို ဘယ်လိုအကျိုးရှိရှိအသုံးချနိုင်မလဲဆိုတာ ကောင်းကောင်းသုံးသပ်နိုင်လာမှာဖြစ်ပါတယ်။

သေရင်ကိုယ့်နောက်ဘာမှ မပါဘူးဆိုတဲ့ စကားအတိုင်းပဲ ကျွန်မတို့သေခြင်းတရားနှင့် ကြုံတွေ့ပြီးတဲ့နောက် ကြွယ်ဝမှုတွေ၊ အောင်မြင်မှုတွေ၊ ချမ်းသာမှုတွေက အသုံးမဝင်တော့ပါဘူး။

ဒါတွေအစား ဖန်ဆင်းရှင်ကို ခဝပ်ကိုးကွယ်ပြီး ကောင်းမှုကုသိုလ်တတ်နိုင်သမျှ လုပ်ခြင်းကသာ ကေယာမသ်နေ့ရောက်တဲ့အခါမှာ စစ်မှန်တဲ့ အကျိုးဆဝါးဗ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒီလို သေခြင်းတရားအကြောင်းဆွေးနွေးပြီ ပြောလာပြီဆိုရင် အရင်ဆုံးကျွန်မတို့က ကြောက်လန့်တတ်ကြသလို ဝမ်းနည်းတတ်ကြပါတယ်။

ဒါပေမဲ့ မွတ်စ်လင်တို့အတွက် အစ္စလာမ် က သေခြင်းတရားကို အေးချမ်းမှု နှင့် ပျော်ရွှင်မှုအနေနဲ့ အမှတ်ရစေပါတယ်။ တည်ငြိမ်အေးချမ်းမှုတွေ၊ ငြိမ်းချမ်းမှုတွေ၊ ပျော်ရွှင်တက်ကြွမှုတွေ အပြည့်သာ ရှိနေမဲ့ ကျွန်မတို့ရဲ့ ထာဝရဘဝတစ်ခု အကြောင်း အစ္စလာမ်က သင်ကြားပေးထားပါတယ်။

ဒီလိုပဲ ကျွန်မတို့သေဆုံးခြင်းကလည်း ကျွန်မတို့အတွက် မျှော်လင့်ချက်တစ်ခု အနေနဲ့ ရှိနေမှာဖြစ်တဲ့အတွက် သေခြင်းတရားကို မပြတ်ဆင်ခြင်ပြီး အချိန်ကို အကျိုးရှိရှိအသုံးချတတ်တဲ့အလေ့အကျင့်ကောင်းလေးကို မွေးမြူကြည့်ပါလို့ 30 Habits for confident muslim မှ နောက်ဆုံးအလေ့အကျင့်အနေနဲ့ အလေးအနက် သတိပေးနှိုးဆော်ပါရစေနော်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟗 𝐒𝐥𝐞𝐞𝐩 𝐰𝐢𝐭𝐡 𝐚 𝐂𝐥𝐞𝐚𝐧 𝐇𝐞𝐚𝐫𝐭