Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…သူတစ်ပါးအား မမှီခိုဘဲ မိမိကိုယ်ကိုသာအားကိုးခြင်း

အရှေ့ကဆောင်းပါမှာ ကျွန်မတို့ဟာ ခွန်အားရှိတဲ့မုအ်မင်န်အကြောင်း ပြောခဲ့ကြပါတယ်။ ဒီဆောင်းပါမှာတော့ သူတစ်ပါးအား မမှီခိုဘဲ မိမိကိုယ်ကိုသာအားကိုးခြင်း အကြောင်းကို အလေးပေးပြောသွားမှာဖြစ်ပါတယ်။ မိမိကိုယ်ကိုအားကိုးခြင်းဆိုတာက သက်ဝင်ယုံကြည်သူများသည် ရယူသူထက် ပေးဆပ်သူအနေနဲ့ ရှိနေဖို့ ကြိုးစားသင့်တယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။

 တမန်တော်မြတ် (ﷺ) က اِنَّ اللهَ یُحِبُّ العَبدَ الفَقِیرَ المُتَعَفِّف “အမှန်စင်စစ် အလ္လာဟ် (سبحانه وتعالى) သည် ဆင်းရဲနွမ်းပါးပေမယ့် ဂုဏ်သိက္ခာရှိသည့် ကျေးကျွန်တစ်ဦးကို ချစ်မြတ်နိုးပါတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ အဲ့ဒီအဆိုက ပြင်ပတွင် တောင်းရမ်းစားသောက်ခြင်း သို့မဟုတ် မိမ်ကိုယ်ကိုမိမိ ထိခိုက်လွယ်တဲ့ အနေအထားနဲ့မဟုတ်ဘဲ ကိုယ့်အားကိုယ်ကိုး၍ ရပ်တည်နိုင်အောင် ကြိုးစားရန် ဆိုလိုထားခြင်းဖြစ်ပါတယ်။ တမန်တော်မြတ် (ﷺ) က أبَا العَیَالِ “မိသားစုအကြီးကြီးရှိနေတဲ့ သူတွေတောင်” လို့ ပြောခဲ့တယ်။ အဲ့လိုဆိုရင်တောင် ထိုသူတို့ဟာ ဖြစ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုး မှီခိုကင်းဖို့ အစွမ်းကုန် ကြိုးစားသင့်ပါတယ်။

 တမန်တော်မြတ် (ﷺ) က ကျွန်မတို့ကို အကြွေးကနေ အလ္လာဟ် (سبحانه وتعالى) ထံ ခိုလှုံခွင့်တောင်းဖို့၊ ခက်ခဲတဲ့အခြေအနေမှာ ရှိနေတာကနေ အလ္လာဟ် (سبحانه وتعالى) ထံ ခိုလှုံခွင့်တောင်းဖို့ သင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ဆင်းရဲနွမ်းပါးခြင်း၏ အကျင့်သီလနှင့် ပတ်သက်ပြီးတော့ ဟဒီးဆ်တော်တွေမှာ အခန်းလိုက် ဖော်ညွှန်းထားပါတယ်။ မိမိတို့ မမျှာ်မှန်းထားသည့် စမ်းသပ်မှုတွေထဲမှာ ရှိနေတဲ့အခါ ရရှိလာတဲ့ ကျင့်ဝတ်ကတော့ လူတစ်ယောက်ဟာ သူ့ရဲ့သိမ်ငယ်မှုကို ထိန်းသိမ်းဖို့ အစွမ်းကုန်ကြိုးစားပြီး၊ ဆိုးရွားတဲ့ ဆင်းရဲနွမ်းပါးမှုထဲမှာတောင် ဖြစ်နိုင်သမျှ ကိုယ့်အားကိုယ်ကိုး မှီခိုကင်းဖို့ ကြိုးစားတာပါ။ အကယ်၍ လူတစ်ယောက်ဟာ ခက်ခဲတဲ့အခြေအနေမှာ ရှိနေပြီး ပုံမှန်အားဖြင့် မလုပ်လိုတဲ့အရာကို ခက်ခဲမှုကြောင့် လုပ်လိုက်ရတဲ့အခါ တာဝန်ယူမှုမဲ့တဲ့ အကျင့်တစ်ခုလို ဖြစ်သွားနိုင်တယ်ဆိုတာ သတိထားဖို့လိုပါတယ်။ ပညာရှင်တွေက ဒါကို သတိပေးထားပြီး စမ်းသပ်ခံနေရတဲ့သူဟာ ဒါကို ရှောင်ရှားသင့်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) ဟာ အခက်ခဲဆုံးအချိန်တွေမှာတောင် ဖြစ်နိုင်သမျှ မိမိကိုယ်ကိုသာ အားကိုးရန် ကြိုးစားနေသူတွေကို ချစ်မြတ်နိုးပါတယ်။

 တမန်တော်မြတ် (ﷺ) ဟာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဥပမာမျိုးစုံ ဖြတ်သန်းခဲ့ပါတယ်။ Awf ibn Mālik အော်ဖ် အဗ္ဗုနု မာလစ်က် (رحمه الله) ပြောခဲ့တာက ကျွန်တော်တို့ဟာ တမန်တော်မြတ် (ﷺ) နဲ့အတူ اَنْ لاَ نَسْأَلَ النَّاسَ شَیئًا “မည်သည့်အရာကိုမှ လူတွေကို တောင်းခံမှု မပြုရန်” ကတိသစ္စာပြုခဲ့ကြတယ်တဲ့။ အဲဒီမှာ ရှိနေကြတဲ့ ဆွဟာဗာဟ်တွေက အဲဒီကတိကို အလွန်အရေးတယူရှိခဲ့ကြလို့ တကယ်လို့ သူတို့ထဲက တစ်ယောက်ဟာ တိရစ္ဆာန်တစ်ကောင်ကို စီးနေတုန်း တစ်ခုခုပြုတ်ကျသွားရင်တောင် တခြားသူတစ်ယောက်ကို ကောက်ပေးဖို့ တောင်းဆိုမှု မပြုခဲ့ကြပါဘူး။

 သူတစ်ပါးအား မမှီခိုဘဲ မိမိကိုယ်သာအားကိုးခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ထဲ၊ ခံယူချက်ထဲမှာ စွဲမြဲနေသင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ တမန်တော်မြတ် (ﷺ) က ကောင်းကင်တမန်ဂျီဗ်ရီးလ်() ပေးခဲ့တဲ့ အကြံပြုချက်ငါးခုအကြောင်း ပြောဆိုခဲ့ပြီး နောက်ဆုံးနှစ်ခုကတော့ وَاعْلَمْ أَنَّ شَرفَ المُؤْمِنِ قِیَامه بِاللَّیْلِ “သိမှတ်ထားရန်အတွက် မုအ်မင်န်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာသည် ညဘက်တွင် ဆွာလာသ်ဝတ်ပြုရပ်တည်ခြင်း၌ ရှိပါသည်” တဲ့။ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာဟာ တခြားလူတွေက ကျွန်မတို့ကို ပေးအပ်တဲ့ အရာတွေထဲမှာ မရှိပါဘူး။ ကျွန်မတို့ကို ပေးအပ်တဲ့ ဆုတံဆိပ်တွေထဲမှာ မရှိပါဘူး။ ဒီလောကရဲ့ အသိအမှတ်ပြုမှုထဲမှာ မရှိပါဘူး။ ညဘက်မှာ ဆွာလာသ်ဝတ်ပြုရပ်တည်ခြင်းမှာ ရှိပြီး အလ္လာဟ် (سبحانه وتعالى) ရဲ့အမြင်မှာ ကျွန်မတို့ကိုယ်ကို ထူးခြားခွဲထွက်နေစေပြီး အရှင့်ရဲ့အမြင်မှာ ဂုဏ်သိက္ခာရှိနေစေပါတယ်။

 ထို့အပြင် وَعِزَّتُهُ اِسْتِغْنَاؤُهُ عَنِ النَّاسِ “ထိုသူ၏ဂုဏ်သိက္ခာသည် လူသားတွေကို မှီခိုစရာမလိုဘဲ နေနိုင်ခြင်းမှာ တည်ရှိပါသည်”၊ ဒါကြောင့် လူတစ်ယောက်ဟာ ဘဏ္ဍာရေးပိုင်းဖြစ်ဖြစ်၊ စိတ်ခံစားမှုပိုင်းဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြစ်ဖြစ် အမြဲတမ်း သူတစ်ပါးအား မမှီခိုဘဲ မိမိကိုယ်ကိုသာအားကိုးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသင့်ပါတယ်။

 ဒါနဲ့ပတ်သက်ပြီးပြောရရင်၊ ကျွန်မတို့ ပြုလုပ်တဲ့ ဒုအာအ်များအားလုံးမှာ အလ္လာဟ် (سبحانه وتعالى) ကို الْعَجْزِ وَالْکَسَلِ စွမ်းဆောင်ရည်မဲ့ခြင်းနဲ့ ပျင်းရိခြင်းမှ ကာကွယ်ပေးဖို့၊ غَلَبَةِ الدَّیْنِ وَقَهْرِ الرِّجَالِ ဆင်းရဲတွင်းနက်ခြင်းရဲ့ ခက်ခဲမှု၊ အကြွေးဝန်ထုပ်ဝန်ပိုးရဲ့ ခက်ခဲမှုကနေ ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။ အမှန်တော့ တကယ်လို့ လူသားတွေဟာ အကူအညီလိုအပ်တဲ့ အခြေအနေရောက်နေပြီဆိုတာသိလာရင် သူတို့အနေနဲ့ အကူအညီကို ရှာဖွေသင့်တာ ထင်ရှားပါတယ်။ ဆိုလိုတာကတော့ အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့ကို တိတ်တဆိတ် ဒုက္ခခံစေလိုတာ မဟုတ်ဘူးဆိုတာကို နားလည်နေဖို့လိုပါတယ်။ အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့ကို အားနည်းတဲ့ အနေအထားမှာ၊ သို့မဟုတ် မှီခိုတဲ့ အနေအထားမှာ အရှုံးပေးစေလိုတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ဟာ အရှုံးပေးခြင်းနဲ့ မှီခိုခြင်းကို စိတ်ဓာတ်ခံယူချက်တစ်ခုအနေနဲ့ လက်မခံဖို့ အစွမ်းကုန်ကြိုးစားသင့်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အခန်းမှာ တမန်တော်မြတ် (ﷺ) ပြောခဲ့တဲ့ စွမ်းအားနဲ့ ဆက်စပ်နေပါတယ်။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အလ္လာဟ် (سبحانه وتعالى) မှလွဲပြီး မည်သူ့အကူအညီကိုမှ မလိုအပ်စေရန် တောင်းဆုဒုအာအ်ပြုပါတယ်။ ကျွန်တော်မျိုးမတို့အား အမြဲတမ်း ကောင်းမှုပြလုပ်ရင်း၊ ခွန်အားအပြည့်သုံးနိုင်သူတွေဖြစ်လာနိုင်စေဖို့၊ ကျွန်တော်မျိုးမတို့ သတိမပြုမိနေခဲ့ရင်တောင်မှ အရှင်မြတ်အပေါ်မှာ အမြဲတမ်း မှီခိုနေရခြင်းကို သေချာခြင်းနှင့်အတူ အရှင်မြတ်မှလွဲ၍ သူတစ်ပါးအား မမှီခိုဘဲ မိမိကိုယ်ကိုသာအားကိုးနိုင်ရန် တောင်းဆုပြုပါတယ်။ အာမီးန်။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ခွန်အား အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… သင့်တင့်လျောက်ပတ်သော မာန