Skip to content

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… သင့်တင့်လျောက်ပတ်သော မာန 

ဂုဏ်ယူဝင့်ကြွားခြင်း/မာန်မာန” ဆိုတဲ့ စကားလုံးဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ ကျမ်းမြတ်ကုရ်အာန် နှင့် တမန်တော်မြတ် (ﷺ) ရဲ့ စွန္နဟ်တော်မှာ အများအားဖြင့် အနှုတ်လက္ခဏာဆောင်တဲ့ အဓိပ္ပာယ်တွေနဲ့ပဲ တွဲနေလေ့ရှိပါတယ်။

 တမန်တော်မြတ် (ﷺ) မိန့်တော်မူခဲ့သည်မှာ “မည်သူမဆို နှလုံးသားထဲတွင် အဏုမြူ/မြူမှုန်ပမာဏမျှ မာန (ကိဗ်ရ်) ရှိခဲ့ရင် ဂျန္နဟ်ထဲဝင်ရမှာ မဟုတ်ဘူး။” မာနဟာ ရှိင်တွာန်ကို ဖျက်ဆီးခဲ့တဲ့အရာ၊ ကျွန်မတို့ရဲ့ရှေ့က လူမျိုးတွေ အများကြီးကို ဖျက်ဆီးခဲ့တဲ့အရာ၊ ပြီးတော့ တမန်တော်မြတ် (ﷺ) ရဲ့ခေတ်ကာလ၊ တမန်တော်မြတ်မတိုင်ခင်၊ ပြီးတော့ နောက်ပိုင်းကာလတွေမှာ နေထိုင်ခဲ့ကြတဲ့ လူအများကြီးကို ဖျက်ဆီးခဲ့တဲ့အရာပဲ ဖြစ်ပါတယ် – ဒီလူတွေဟာ မာနကြောင့် အမှန်တရားကို ပယ်ချခဲ့ကြတာပါ။

 ဒါပေမယ့် အလ္လာဟ် (سبحانه وتعالى) ကျွန်မတို့အတွက် လုပ်ပေးတာက အနှုတ်လက္ခဏာဆောင်နိုင်တဲ့ စိတ်သဘောထားတွေကို ယူပြီး ပိုမိုကြီးမားတဲ့ အကျိုးအတွက် အသုံးချခြင်းဖြစ်တယ်။ လူသားတွေအနေနဲ့ ကျွန်မတို့ဟာ သဘာဝအားဖြင့် ယှဉ်ပြိုင်ရတာကို နှစ်သက်ကြတယ်၊ ဒါကြောင့် အလ္လာဟ် (سبحانه وتعالى) က ဆွဟာဗာဟ်တွေ၊ သို့မဟုတ် ယုံကြည်သူတွေရဲ့ ယှဉ်ပြိုင်လိုစိတ်ကို ပြောင်းလဲပစ်တာမဟုတ်ဘဲ သူတို့ရဲ့ ယှဉ်ပြိုင်မှုကို တခြားအရာဆီသို့ ဦးတည်စေခဲ့တယ် – အဲဒါကတော့ အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သက်မှုအတွက် ယှဉ်ပြိုင်ဖို့ပဲ ဖြစ်တယ်။ အကယ်၍ ကျွန်မတို့ဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သက်မှုအတွက် ယှဉ်ပြိုင်နေကြတယ်ဆိုရင် တချို့အချိန်တွေမှာ ဂုဏ်ယူမှုဟာ ကောင်းတဲ့အဓိပ္ပာယ်တွေ ရှိလာနိုင်ပါတယ်၊ သို့ပေမဲ့လည်း အဲဒါဟာ အရမ်းကန့်သတ်ထားပြီး အခြေအနေအနည်းငယ်မှာပဲ ဖြစ်ပါတယ်။

 ဥပမာအားဖြင့် တမန်တော်မြတ် (ﷺ) က လူစုလူဝေးထဲမှာ ထိုင်နေတဲ့ လူတစ်ယောက်အကြောင်း ပြောခဲ့တာကို ကျွန်မတို့ တွေ့ရပါတယ်။ သူဟာ “ဂုဏ်ယူမှု” ဆိုတဲ့ စကားလုံးကို သုံးခဲ့တာမဟုတ်ပေမယ့် အကယ်၍ လူစုလူဝေးထဲမှာ ထိုင်နေတဲ့ ခွန်အားရှိသူတစ်ဦးအကြောင်း စဉ်းစားမယ်ဆိုရင် – လူတွေက အလ္လာဟ် (سبحانه وتعالى) မနှစ်သက်တဲ့ အရာတွေကို ပြောနေတယ်၊ သူတို့ဟာ မမှန်တာတွေ သို့မဟုတ် အကျိုးမဲ့စကားတွေပြောနေကြပေမဲ့ ထိုလူက ဘာမှဝင်မပြောခဲ့ဘူး။ တမန်တော်မြတ် (ﷺ) က ဒီလူမျိုးဟာ ကိယာမဟ်နေ့မှာ မတ်တပ်ရပ်ခိုင်းခံရပြီး သူတို့ဘာကြောင့် ဘာမှမပြောခဲ့တာလဲလို့ မေးခံရလိမ့်မယ်၊ အဘယ်ကြောင့်ဆိုသော် သူတို့ဟာ လူတွေ ဘာတွေပြောနေတယ်ဆိုတာ ကြားခဲ့ကြလို့ပဲ။ ပြီးတော့ အဲဒီလူက خَشِيتُ النَّاسَ “ကျွန်တော် လူတွေကို ကြောက်ခဲ့လို့ပါ” လို့ ပြောလိမ့်မယ်။ တမန်တော်မြတ် (ﷺ) က “အလ္လာဟ် (سبحانه وتعالى) မှ ထိုသူတို့အား မိန့်မှာပါလိမ့်မယ် – သူတို့ ပတ်ဝန်းကျင်က လူတွေထက် အရှင်မြတ်ကသာ ပိုပြီး ကြောက်ရွံ့ထိုက်သူ ဖြစ်သည်” လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ဒါဟာ မာန မဟုတ်ဘဲ ခွန်အားတစ်မျိုး သို့မဟုတ် ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတစ်ခုပါ – ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကောင်းတဲ့အရာတွေ ဖြစ်နေတဲ့အခါ ကျွန်မတို့ရဲ့ အသံကို မြှင့်ဖို့၊ ထုတ်ဖော်ပြောဆိုဖို့ပါ။

 ဒီအောက်ပါ ဟဒီးဆ်တော်ဟာ အဗူ ဒါဝူဒ်ရဲ့ စာအုပ်ထဲမှာ ပါဝင်ပြီး အစိတ်အပိုင်းနှစ်ခု ရှိပါတယ်။ ဒီဆောင်းပါးမှာ တစ်ခုကို ဖော်ပြပြီး နောက်တစ်ခုကိုတော့ နောက်ဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားပါ့မယ်။

 တမန်တော်မြတ် (ﷺ) မိန့်တော်မူရာတွင် ဂုဏ်ယူမှုအမျိုးအစားတစ်ခု ရှိပြီး အသုံးပြုထားတဲ့ စကားလုံးက “ခူယလာအ်” (khuyalā) ဖြစ်တယ်၊ “ကိဗ်ရ်” (kibr) မဟုတ်ပါဘူး။ ခူယလာအ်ဟာ တခါတရံ အလ္လာဟ် (سبحانه وتعالى) က ချစ်မြတ်နိုးပြီး တခါတရံ အလ္လာဟ် (سبحانه وتعالى) က မုန်းတီးတဲ့ ဂုဏ်ယူမှု သို့မဟုတ် ဝါကြွားမှုတစ်မျိုး ဖြစ်တယ်။ အလ္လာဟ် (سبحانه وتعالى) ချစ်တဲ့ ခူယလာအ်အမျိုးအစားတစ်ခုရှိသလို အလ္လာဟ် (سبحانه وتعالى) မုန်းတဲ့ ခူယလာအ်အမျိုးအစားလည်း ရှိပါတယ်။ တမန်တော်မြတ် (ﷺ) က အလ္လာဟ် (سبحانه وتعالى) ချစ်တဲ့ ဂုဏ်ယူမှုအမျိုးအစားကတော့ စစ်ပွဲမှာ လူတစ်ယောက်ကို တွန်းအားပေးတဲ့ သို့မဟုတ် ပိုမိုဒါနပြုဖို့ တွန်းအားပေးတဲ့ ဂုဏ်ယူမှုမျိုးဖြစ်ပြီး အလ္လာဟ် (سبحانه وتعالى) မုန်းတဲ့ ဂုဏ်ယူမှုအမျိုးအစားကတော့ ဖိနှိပ်မှုကို ခွင့်ပြုတဲ့အခါမျိုးမှာပါတဲ့။ ဒါဆိုရင် တမန်တော်မြတ် (ﷺ) က မည်သည့်အကြောင်းအရာကို ပြောချင်နေတာပါလဲ?

 စစ်ပွဲတစ်ခုထဲမှာဆိုရင် လူတွေဟာ ကနဦးမှာ အောင်ပွဲခံအကတွေဆင်နွှဲကြလေ့ရှိတယ် – သူတို့ဟာ စစ်ပွဲအစမှာ ဝါကြွားပြီး သူတို့ရဲ့ခွန်အားကို ပြသလေ့ရှိပါတယ်။ နယူးဇီလန် ရိုးရာ ဟာကာကို တွေ့ဖူးမယ်ထင်ပါတယ်၊ ကျွန်မတို့ရဲ့ဘဝမှာ တွေ့ဖူးသမျှအကထဲမှာ အလှဆုံးအကဖြစ်တယ်လို့ ပြောနိုင်မယ်ထင်ပါတယ်။ တမန်တော်မြတ် (ﷺ) က တိုက်ခိုက်ရည်မြင့်မားခြင်းကို ဂုဏ်ယူတတ်တဲ့ လူမျိုးတွေနဲ့ အတူနေခဲ့ပြီး ဒါဟာ အစ္စလာမ်နဲ့ ယုံကြည်သူတွေကို အကျိုးပြုခဲ့တယ်။ မာန်ရှိတဲ့ စစ်သည်တော်တွေ အစ္စလာမ်ထဲဝင်လာပြီး ဒီလိုပူးပေါင်းခြင်းက ပိုကြီးတဲ့ တပ်မတော်ကြီးတစ်ခုနဲ့ စစ်တိုက်ဖို့ သွားရတဲ့အခါ အဓိပ္ပာယ်ရှိလာခဲ့တယ်။

 နာမည်ကြီး စစ်သည်တော် အဗူ ဒူဂျာနဟ် (Abū Dujānah)အကြောင်း ပြောပြချက်တစ်ခု ရှိပါတယ်။ သူ့မှာ သီးခြားဟန်ပန်တစ်မျိုး ရှိခဲ့တယ်၊ စစ်ပွဲမစခင်တိုင်းမှာ အောင်ပွဲခံအကကို ကပြဆင်နွှဲ‌လေ့ရှိပြီး တိုက်ပွဲမဝင်ခင် သူ့ဦးခေါင်းပတ်လည်မှာ အနီရောင်တောက်တောက် ခေါင်းစည်းပုဝါကို စည်းလေ့ရှိပါတယ်။ တမန်တော်မြတ် (ﷺ) က အဗူ ဒူဂျာနဟ်ရဲ့ ဟန်ပန်ကို မြင်တော်မူပြီး “ဒါဟာ အလ္လာဟ် (سبحانه وتعالى) မုန်းတဲ့ လမ်းလျှောက်ဟန်ပဲ၊ ဒါပေမယ့် တိုက်ပွဲမတိုင်ခင်မှာတော့ ချွင်းချက်ရှိတယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲမဝင်ခင် ဒီလိုဂုဏ်ယူမှုမျိုးဟာ ကောင်းတဲ့အရာပဲ ဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မဟာမိတ်တွေကို ယုံကြည်မှုအပြည့်ပေးပြီး ရန်သူတွေကို ကြောက်စိတ်ဝင်စေတဲ့ အကျိုးကျေးဇူးဟာ အဲဒီလိုပြုမူမှုရဲ့ ပုံမှန်အန္တရာယ်တွေထက် သာလွန်ကြီးမားလို့ပဲ ဖြစ်ပါတယ်။

 အလှူလုပ်တဲ့ကိစ္စမှာ၊ ယှဉ်ပြိုင်လိုသော စိတ်ဓာတ်ရှိသူတစ်ဦးဟာ အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သက်မှုအတွက် ယှဉ်ပြိုင်ဖို့ တွန်းအားပေးခံရပါတယ်။ ဒါနမှာ ယှဉ်ပြိုင်မှုဟာ လူတစ်ယောက်က တခြားသူတွေကို အပြစ်ရှိတဲ့ ခံစားချက်မျိုးဖြစ်စေဖို့ ဝါကြွားတာ သို့မဟုတ် အခြားသော ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ ရှိရင်တော့ မကောင်းပါဘူး။ ဥပမာ – သူတို့က တခြားသူတွေထက် ပိုရက်ရောတယ်လို့ အမြင်ခံချင်ရင် သို့မဟုတ် အတ္တရဲ့ ကိစ္စတစ်ခု ဖြစ်လာရင်ပေါ့။ မျိုးနွယ်စုလိုက် ခွဲခြားဆက်ဆံမှုဟာ ဆိုးရွားတဲ့အရာပါ၊ ဒါပေမယ့် တမန်တော်မြတ် (ﷺ) က မျိုးနွယ်စုတွေကို အချင်းချင်း ကောင်းမှုပြုဖို့ကြိုးစားရာမှာ ယှဉ်ပြိုင်ဖို့ အားပေးခွင့်ပြုခဲ့တယ်။ ဒါဟာ အဗူဗက္ကာရ် (رضي الله عنه) နဲ့ အူမာရ် (رضي الله عنه) တစ်ဦးနဲ့တစ်ဦး ကောင်းမှုပြုရာမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

 တနည်းအားဖြင့်၊ ကျွန်မတို့ဟာ ရှေ့သို့ဆက်ရန်၊ သာသနာအကျိုးပြုရန်၊ အလှူဒါန ပိုမိုပြုလုပ်ရန်နဲ့ ကောင်းမှုမှာ ယှဉ်ပြိုင်ဖို့ ရည်ရွယ်သင့်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) ရဲ့ နှစ်သက်မှုကို ရရှိဖို့ ဂုဏ်ယူမှုကို ခံယူတဲ့အသိဟာ ကောင်းပါတယ်။ ဒါဟာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ကောင်းတဲ့ ရည်မှန်းချက်ကြောင့် တွန်းအားပေးခံရတာပဲ ဖြစ်ပြီး အဲဒီရဲ့ ရလဒ်ကလည်း ကောင်းမွန်ပါတယ်။

 အလ္လာဟ် (سبحانه وتعالى) က တခြားသူတစ်ယောက်ကို စတင်ထိခိုက်စေတဲ့၊ မာနထောင်လွှားလာစေတဲ့၊ ရည်မှန်းချက်ကို အမြင်ပျောက်သွားပြီး အလ္လာဟ် (سبحانه وتعالى) မနှစ်သက်တဲ့ပုံစံမျိုးနဲ့ ပြုမူလာစေတဲ့ ဂုဏ်ယူမှုအမျိုးအစားကို မနှစ်သက်ပါဘူး။ ဒါကြောင့် ထပ်ပြောရရင်၊ ဒါဟာ အလ္လာဟ် (سبحانه وتعالى) ချစ်တဲ့ ခွန်အားဂုဏ်အင်္ဂါရပ်တွေနဲ့ သက်ဆိုင်ပါတယ် – လူတစ်ယောက်ဟာ တက်ကြွပြီး အလ္လာဟ် (سبحانه وتعالى) စိတ်ကျေနပ်စေဖို့ ကောင်းမှုပြုရာမှာ ယှဉ်ပြိုင်တဲ့အခါ၊ အကောင်းဆုံးသန့်စင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အကောင်းဆုံးအကျင့်တွေလုပ်ဖို့ အမြဲကြိုးစားနေတဲ့အပေါ် ဂုဏ်ယူတဲ့အခါပါ။

ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့ တောင်းခံပါတယ် - ကောင်းမှုပြုရာမှာ အရှင်မြတ်နှစ်သက်မြတ်နိုးသည့် ကောင်းမွန်သည့် ဂုဏ်ယူမှုမျိုး (Healthy Pride) ကို ကျွန်တော်မျိုးမတို့အား ပေးသနားတော်မူပါ၊ အစဉ်အမြဲစစ်မှန်သော စေတနာ၊ ခွန်အားရှိနိုင်ဖို့ ကူညီတော်မူပါ။ အာမီးန်။

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…သူတစ်ပါးအား မမှီခိုဘဲ မိမိကိုယ်ကိုသာအားကိုးခြင်း အလ္လာဟ်အရှင် ချစ်မြတ်နိုးသော…ဂုဏ်သိက္ခာ