ဆွဟာဗာဟ်တွေရဲ့ ဘဝကို ကျွန်မ လေ့လာစဉ်ကတည်းက ထူးခြားတဲ့ ဇာတ်လမ်းတစ်ခုကို သိခဲ့ရပါတယ်။ ကောင်းမှုကိစ္စတွေကို အမြန်လုပ်ဆောင်ဖို့ အကြောင်း ဟဒီးဆ်များကို ကျွန်မတို့ ကြားရတဲ့အခါ၊ တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေမှာ သေချာအစီအစဉ်ချပြီး မလုပ်မိတဲ့ အခါအန္တရာယ်ရှိနိုင်တယ်လို့လဲသိထားပါတယ်။
ဒီဟဒီးဆ်တော်က အဖြစ်အပျက်တစ်ခုနဲ့ ဆက်စပ်နေပါတယ်။ နောက်ခံကတော့ မျိုးနွယ်စုအများအပြားက တမန်တော်မြတ် (ﷺ) ကို တွေ့ဆုံဖို့ လာရောက်ခဲ့ကြပါတယ်။ လူတွေက ကုလားအုတ်တွေ၊ မြင်းတွေပေါ်ကနေ အမြန်ဆင်းပြီး တမန်တော်မြတ် (ﷺ) ဆီကို နှုတ်ဆက်ဖို့နဲ့ ကိုယ်တော့်လက်ကို နမ်းခွင့်ရနိုင်ဖို့အတွက် ပြေးသွားကြတယ်၊ ဒါပေမယ့် လူတစ်ယောက်ကတော့ ခေတ္တခဏ နောက်မှာ ကျန်ခဲ့ပါတယ်။
အဲဒီလူက အလ်-အက်ရှဂျ် အဗ္ဗဒူလ် ကိုင်စ် ဖြစ်ပါတယ်။ အလ်-အက်ရှဂျ်က အန်ဆာရီ လူငယ်တစ်ဦးဖြစ်ပြီး သူလုပ်သမျှ ကိစ္စတိုင်းမှာ တိကျသေချာစဉ်းစားပြီး အစီအစဉ်တကျ ဖြစ်တဲ့သူပါ။ သူက အရာအားလုံး အစီအစဉ်တကျ ဖြစ်နေစေဖို့ စောင့်ဆိုင်းခဲ့ပြီး၊ သူ့မျိုးနွယ်စုက ပစ္စည်းအားလုံး အပြည့်အစုံ ရှိစေဖို့၊ ကုလားအုတ်နဲ့ မြင်းတွေကို သေချာကြိုးချည်ထားဖို့ အာရုံစိုက်ခဲ့တယ်။ ပြီးတော့ အဝတ်အစားပြောင်းပြီး သပ်သပ်ရပ်ရပ်ရှိစေပြီးမှ တမန်တော်မြတ် (ﷺ) နဲ့ စလာမ်နှုတ်ခွန်းဆက်သဖို့ သွားခဲ့တယ်။ သူ့မျိုးနွယ်စုက အချို့က သူ့ရဲ့ သေချာစဉ်းစားပုံကို လှောင်ပြောင်ခဲ့ကြပါတယ်၊ သို့မဟုတ် သူ နှေးနေတယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမယ့် တမန်တော်မြတ် (ﷺ) က သူ့ကို مَايُحِبّ اللهُ إِنَّ فِيكَ خَصْلَتَيْنِ “အလ္လာဟ် (سبحانه وتعالى) ချစ်တဲ့ အရည်အချင်းနှစ်ခု သင့်ထံမှာ ရှိနေတယ်” လို့ ပြောခဲ့ပါတယ်။ သူက “အဲဒါတွေက ဘာတွေလဲ၊ အို အလ္လာဟ် (سبحانه وتعالى) ရဲ့ တမန်တော်” လို့ မေးခဲ့ရာ၊ တမန်တော်မြတ်က الْحِلْمُ، وَالأنَاَةُ “အသင့်ရဲ့ သည်းခံခြင်းနဲ့ ဆင်ခြင်တုံတရားရှိခြင်းပါပဲ” လို့ ဖြေခဲ့ပါတယ်။
သည်းခံခြင်းနဲ့ ဆင်ခြင်တုံတရားရှိခြင်းဆိုတာ နားလည်ရခက်တဲ့ စကားလုံးတွေဖြစ်တာကြောင့် ရှင်းပြပါရစေ။ သည်းခံခြင်း (ဟိလ်မ်) ဆိုတာ လူတွေနဲ့ ဆက်ဆံရာမှာ အထူးစိတ်ရှည်သည်းခံရတာကို ဆိုလိုပါတယ်။ ဒါဟာ စိတ်ရှည်သည်းခံခြင်းနဲ့ မိမိကိုယ်ကို ထိန်းချုပ်ထားနိုင်ခြင်းအကြောင်းပါ။ သဘာဝဘေးအန္တရာယ်တစ်ခု သို့မဟုတ် ဘယ်သူ့ထိန်းချုပ်မှုအောက်မှာမှ မရှိတဲ့ မကောင်းတဲ့အဖြစ်အပျက်တွေကို စိတ်ရှည်ရတာက၊ ကျွန်မတို့ရှေ့မှာ ကျွန်မတို့ရဲ့ စိတ်ရှည်မှုကို အမှန်တကယ် စမ်းသပ်နေတဲ့ လူတစ်ယောက်ကို စိတ်ရှည်ရတာထက် တော်တော်လေး ပိုလွယ်ကူပါတယ်။
ဒါကြောင့်၊ အရှေ့ကဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့တဲ့ အာအေရှာဟ် (رضي الله عنها) နဲ့ တမန်တော်မြတ် (ﷺ) ကို سَامٌ عَلَيكمُ “သေမင်းအသင်တို့ဆီ သက်ရောက်ပါစေ” လို့ အော်ဟစ်ခဲ့ကြတဲ့ လူတွေအကြောင်း ဖြစ်ရပ်မှာ တမန်တော်မြတ် (ﷺ) က သည်းခံမှု ပြသခဲ့ပါတယ်။ ကိုယ်တော်ဟာ မိမိကိုယ်ကို ထိန်းချုပ်ထားခဲ့ပြီး စိတ်ကို တားမြစ်ထားခဲ့ပါတယ်။ ကျွန်မတို့မှာ သည်းခံခြင်းရှိရင် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်ပဲ အိဗ်ရာဟီမ် (عليه السلام) ကို ဟလီမ် လို့ ဖော်ပြခြင်းဖြစ်ပြီး၊ အလ္လာဟ် (سبحانه وتعالى) ၏ နာမတော်တွေထဲက တစ်ခုမှာ အလ်-ဟလီးမ်၊ အလွန်တရာ ထောက်ညှာတော်မူသော အရှင် ဖြစ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) ဟာ ကျွန်မတို့အတွက် သည်းခံတော်မူပါတယ်၊ ကျွန်မတို့ရဲ့ အားနည်းချက်တွေ၊ မကောင်းမှုတွေကို သည်းခံတော်မူပြီး၊ ကျွန်မတို့ကို ချက်ချင်း အပြစ်ပေးတော်မမူဘဲ အခွင့်အရေးတစ်ခု ပေးပါတယ်။ ဒါကြောင့် ဟိလ်မ်ဆိုတာ လူတစ်ယောက်ဟာ သည်းခံတတ်တဲ့အခါ ပြသတာဖြစ်ပါတယ်။ သူတို့ဟာ တွက်ချက်မှုရှိပြီး၊ ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။ သူတို့ရဲ့ အမျက်ဒေါသဟာ သတ်မှတ်ထားတဲ့ အခြေအနေတွေအတွက်သာ ဖြစ်ပြီး အလ္လာဟ် (سبحانه وتعالى) နှစ်သက်တဲ့ နည်းလမ်းနဲ့သာ ဖော်ပြကြပါတယ်။ အလ်-အနာဟ် ဆိုတာကတော့ တွက်ဆခြင်း၊ သေချာစဉ်းစားခြင်းရဲ့ ဂုဏ်သတ္တိဖြစ်ပြီး၊ အရာအားလုံးကို မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့ သေချာအောင် လုပ်တာပါ။
အလ်-အနာဟ်(الَأنَاَةُ) ဆိုတာ အလျင်စလိုလုပ်ခြင်းရဲ့ ဆန့်ကျင်ဘက်ပါ။ တမန်တော်မြတ် (ﷺ) က الْعَجَلَةُ مِنَ الشَّيْطَانِ “အလျင်စလိုမှုဟာ ရှိုင်တွာန်ထံက လာတာဖြစ်တယ်” လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါပေမယ့် အလ်-အနာဟ် (သေချာစဉ်းစားခြင်း) ကတော့ အလ္လာဟ် (سبحانه وتعالى) ထံမှ လာပါတယ်။ အလ်-အနာဟ်ဆိုတာ လူတစ်ယောက်ဟာ အရာအားလုံး မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့ အချိန်ယူတာ၊ စနစ်တကျ ဖြစ်စေဖို့ ဂရုစိုက်တာဖြစ်ပြီး၊ သူတို့မှာ အလွန်ကောင်းတဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုရှိသလို၊ သူတို့ရဲ့ ပတ်ဝန်းကျင်ကိုလည်း ကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်ပါတယ်။ သူတို့ဟာ အရာရာကို စနစ်တကျ၊ တွက်ချက်မှုရှိရှိ၊ ဖွဲ့စည်းပုံရှိတဲ့ပုံစံနဲ့ အမြဲ လုပ်ဆောင်နေကြောင်း သေချာစေပါတယ်။ တိုးတက်မှုကို အဟန့်အတားဖြစ်စေမယ့်အစား ရေရှည်တည်တံ့စေတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်ကြပါတယ်။ တိုးတက်မှုကို နှေးကွေးစေမယ့်ပုံစံမျိုး မဟုတ်ဘဲ၊ အလ္လာဟ် (سبحانه وتعالى) ဆီသို့၊ ကောင်းမွန်တဲ့အရာတွေဆီသို့ တည်ငြိမ်တဲ့ ရွေ့လျားမှုကို ထိန်းသိမ်းထားမယ့် နည်းလမ်းနဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။
ဒါကြောင့် ဟိလ်မ်နဲ့ အလ်-အနာဟ်ဟာ အရင်းအမြစ်တစ်ခုထဲကနေ လာပါတယ်။ အဲဒါကတော့ သည်းခံခြင်း၊ တည်ငြိမ်ခြင်း၊ အေးဆေးတည်ငြိမ်ခြင်း၊ မိမိလုပ်ဆောင်သမျှကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) သည် ဒီဂုဏ်သတ္တိကို ပိုင်ဆိုင်ထားသောအရှင် ဖြစ်ပါတယ်။ အရှင်မြတ်ဟာ ကျွန်မတို့ သည်းခံခြင်းရှိတာကို၊ အချိန်ယူပြီး အရာအားလုံး မှန်ကန်စွာ လုပ်ဆောင်နိုင်ဖို့ သေချာအောင်လုပ်တာကို၊ ကျွန်မတို့ အလျင်စလို မဖြစ်ဘဲ၊ အရာရာမှာ အလျင်မလိုတာကို မြင်ရတာ နှစ်သက်တော်မူပါတယ်။
အချို့လူတွေက ဒါကို နှေးကွေးတယ်လို့ ဝေဖန်နိုင်ပေမယ့် တကယ်တော့ နှေးကွေးတာ မဟုတ်ပါဘူး။ ဥပမာ အချို့လူတွေက အရှက်ရစေတဲ့စကား သို့မဟုတ် ညစ်ညမ်းမှုတွေကို တုံ့ပြန်မခြင်းမရှိတဲ့ လူတစ်ယောက်ကို အရမ်းနှေးတယ် သို့မဟုတ် ထိန်းချုပ်လွန်းတယ်လို့ ဝေဖန်နိုင်ပါတယ်။ ဒါပေမယ့် ဒီဂုဏ်သတ္တိတွေဟာ အလ္လာဟ် (سبحانه وتعالى) နှစ်သက်တဲ့ အရာတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းကနေ လာတာဖြစ်ပြီး ကျွန်မတို့ သက်ဝင်ယုံကြည်သူတွေကို ကျွန်မတို့လုပ်ဆောင်သမျှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ဖို့ သင်ကြားပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ကိုယ်ရည်ကိုယ်သွေးတွေမှာ၊ အလုပ်တွေမှာ၊ ပတ်ဝန်းကျင်ကို ထိန်းညှိတဲ့ နည်းလမ်းတွေမှာ သည်းခံခြင်းနဲ့ သေချာစဉ်းစားခြင်းတို့ကို ဖော်ဆောင်ဖို့ ကြိုးစားကြပါတယ်။
ယာအလ္လာဟ်၊ ကျွန်တော်မျိုးမတို့အား အခြေအနေအားလုံးမှာ စမ်းသပ်မှုအားလုံးမှာ သည်းခံခြင်းတရား၊ ဆင်ခြင်တုံတရားနှင့်သာ ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်နိုင်စွမ်းကို ပေးသနားတော်မူပါ။ အာမီန်း။