Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟒 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞


ပြီးခဲ့တဲ့ Habit ပို့စ်မှာ အကျိုးမရှိတဲ့စကားများပြောဆိုခြင်းကို ရှောင်ရှားခြင်းအားဖြင့် Allah (سبحانه وتعالى) မှ ချီးမြှင့်ပေးထားတဲ့ အချိန်တိုင်းကို တန်ဖိုးထားတတ်ဖို့ ပြောခဲ့ပါတယ်။

ဒီနေ့ Habit အနေနဲ့ကတော့ Allah (سبحانه وتعالى) မှ ကျွန်မတို့အပေါ်ချီးမြှင့်ပေးထားတဲ့ အရာတစ်ခုချင်းစီတိုင်းကို ဝမ်းမြောက်စွာနှင့် ကျေးဇူးသိတတ်ခြင်းအားဖြင့် တန်ဖိုးထားသင့်ကြောင်း ပြောသွားမှာ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတွေသုံးပြီး သတင်းပေါင်းသောင်း‌‌ခြောက်ထောင်နှင့် ဗျာများနေကြတဲ့ ယနေ့ခေတ်အခါမှာဆိုလျင် လူတော်တော်များက စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေကို ခံစားနေကြရတဲ့အတွက် စိတ်ကျန်းမာရေးပညာရှင်တွေမှ ဝမ်းမြောက်စွာနှင့် ကျေးဇူးတင်တဲ့သည့်အလေ့အကျင့် (Gratitude) ကို မွေးမြူဖို့ တိုက်တွန်းအားပေးနေကြပါတယ်။

ဝမ်းမြောက်ဝမ်းသာစွာနှင့် ကျေးဇူးသိတတ်စိတ်၊ ကျေးဇူးတင်တတ်တဲ့ စိတ် (Gratitude) ကို စိတ်ဝိညာဉ် သုခချမ်းသာ (Spiritual Wellbeing) ရစေမဲ့ နည်းလမ်းတွေထဲက အကောင်းဆုံးနည်းလမ်း တစ်ခု အဖြစ် အသိအမှတ် ပြု လက်ခံထားကြပါတယ်။

မွတ်စ်လင်မ် တစ်ယောက်အနေနဲ့ ကျေးဇူးသိတတ်စိတ်က ကျွန်မတို့ရဲ့ ဘာသာတရားယုံကြည်သက်ဝင်မှုအပေါ် ကို အဓိကထားသင့်ပါတယ်။

Allah (سبحانه وتعالى) မှ ကျွန်မတို့အပေါ် ပျော်ရွှင်စရာကိစ္စပေါင်းများစွာကို ချီးမြှင့်ပေးထားသလို တစ်ခါတစ်ရံမှာလည်း ကျွန်မတို့မှာရှိနေတဲ့ ကောင်းမွန်တဲ့အရာတွေကို ပြန်မြင်တတ်ဖို့ အာရုံပြုနိုင်မဲ့ နည်းလမ်းတစ်ချို့ကို မွေးမြူသင့်ပါတယ်။

ကျေးဇူးသိတတ်ခြင်းကို လေ့ကျင့်နိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။

နည်းလမ်းတချို့ကတော့

၁။ ကျေးဇူးတင်စရာကောင်းတဲ့အချက်တွေကို မှတ်စု ( Gratitude Journal) လေးမှန်မှန်ရေးသွားခြင်း၊
၂။ ကိုယ့်ကျေးဇူးတင်တတ်တဲ့စိတ်ကို မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ နှင့် ဝေမျှခြင်း
၃။ ရုပ်ပိုင်းဆိုင်ရာ သတိပေးချက် (Visual Reminders) တွေကို အသုံးပြုခြင်း (ဥပမာ ကိုယ်ကျေးဇူးတင်တဲ့အကြောင်းအရာလေးတွေကို စာလေး (သို့) ပုံလေး ရေးဆွဲပြီး မြင်သာနိုင်မဲ့ နံရံတွေ၊ စားပွဲခုံတွေမှာ ကပ်ထားခြင်း) တို့ပဲ ဖြစ်ပါတယ်။

ကျွန်မအကြိုက်ဆုံးနည်းကတော့ Journal ရေးတာပါ။ မနက်တိုင်းမှာ ၅ မိနစ်စာ Journal ရေးတတ်တဲ့ အကျင့်ကိုလည်း ကျွန်မကိုယ်တိုင် ကျင့်သုံးနေတာ ကြာခဲ့ပါပြီ။ ကျွန်မရဲ့ မိတ်ဆွေတို့မှာရော Journal ရေးတတ်တဲ့အကျင့်များရှိကြပါသလား။ ကိုယ်သုံးနေကျ နည်းလမ်းရှိရင်လည်း တခြားသူတွေပါ လေ့လာလို့ရအောင် comment session မှာ မျှဝေပေးသွားလို့ရပါတယ်။

ကျွန်မတို့ ထပ်ခါထပ်ခါ ပြောခဲ့သလိုဘဲ အလေ့အကျင့်ဆိုတာ တစ်ခါလုပ်ရုံနဲ့ မဖြစ်လာပါဘူး။ ထပ်ခါထပ်ခါ လေ့ကျင့်နေမှသာ ကိုယ်ပိုင်လုပ်နေကျ အကျင့်ဖြစ်လာတာပါ။

ဒါ့ကြောင့် ဒီ Gratitude ကို စလုပ်တော့မယ်ဆိုတာနဲ့ ရအောင် အချိန်ထုတ်ပြီး တစ်ရက်မပြတ် လေ့ကျင့်ကြည့်ပါ။

ကိုယ့်မှာ ပိုင်ဆိုင်တဲ့ ကျေးဇူးတင်စရာကောင်းတဲ့အရာတွေ ဘယ်လောက်တောင်များလည်း ဆိုတာ ပိုပြီး မြင်တတ်လာမှာ ဖြစ်သလို စိတ်ခွန်အားလည်း ပိုတက်လာမှာမို့ မှန်မှန်လေး ကြိုးစားလုပ်ဆောင်ပေးသွားကြပါဦးနော်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟑 𝐀𝐯𝐨𝐢𝐝 𝐕𝐚𝐢𝐧 𝐓𝐚𝐥𝐤 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟓 𝐅𝐨𝐜𝐮𝐬 𝐨𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞𝐬