Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟔 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐢𝐧 𝐋𝐢𝐟𝐞


ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကို သိမြင်ပါစေ။

အခုမတိုင်ခင်အထိ မကောင်းမြင်စိတ်ကိုရှောင်ကြဉ်တတ်ဖို့နှင့် အကောင်းတွေကို ပိုအာရုံစိုက်တတ်ဖို့ အလေ့အကျင့်တွေကို ပြောခဲ့ပါတယ်။

ဒီနေ့ကစပြီး နောက်ရက်အနည်းငယ်အထိ ဘဝရဲ့အဓိပ္ပါယ်ကို ရှာတတ်ဖို့၊ သုံးတတ်ဖို့နဲ့ ဘဝအတွက် အစီအစဥ်ရေးစွဲတတ်ဖို့ အလေ့အကျင့်တွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ခေါင်းစဉ်ကတော့ ‘ ဘဝရဲ့ ရည်ရွယ်ချက်ကိုသိမြင်တတ်ပါစေ’ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မသိချင်တာတစ်ခုက ” ငါ့ဘဝရဲ့ ရည်ရွယ်ချက် ကဘာလဲ / ငါ က ဘာလို့ ဒီကမ္ဘာမြေပေါ်မှာ ရှင်သန်နေရတာလဲ” ဆိုတဲ့ မေးခွန်းမျိုး ပြန်မေးဖူးကြပါသလား။

မွတ်စ်လင်တို့အတွက် အဖြေက ရှင်းရှင်းလေးပါ။

ဒါပေမဲ့ ဒီအဖြေကို ရဖို့အတွက် နောက်ထပ်မေးခွန်းတစ်ခု ကို ထပ်မေးဖို့ လိုပါလိမ့်မယ်။

” ဘာလို့ငါတို့ကို ဖန်ဆင်းထားတာလဲ။ ဘာရည်ရွယ်ချက်နဲ့ ဖန်ဆင်းထားတာလဲ။

တီထွင်ဖန်တီးတဲ့သူတွေအကုန်လုံးက သူတို့ရဲ့ Product တွေကို ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ တီထွင်ထားတာဖြစ်ပါတယ်။

ဥပမာအားဖြင့် သာမိုမီတာကို တခြားဘာအတွက်မှမဟုတ်ဘဲ အဖျားတိုင်းဖို့ တစ်ခုတည်းအတွက် တီထွင်ထားသလိုပေါ့။

ဒီလိုနည်းအတိုင်းပဲ ‘ကျွန်မတို့ကို ဖန်ဆင်ရှင်းက ဘာလို့ ဖန်ဆင်းထားတာလဲ’။

အမျိုးသား၊ အမျိုးသမီးအားလုံးကိုဖန်ဆင်းထားရတဲ့ အကြောင်းခံသည် Allah(سبحانه وتعالى) ဖန်ဆင်းရှင်ကို သိပြီး ခဝပ်ကိုးကွယ်ဖို့ပဲ ဖြစ်ပါတယ် လို့ အစ္စလာမ်က ကျွန်မတို့ကို သင်ပေးထားပါတယ်။

တကယ်လို့ သာမိုမီတာကို သူ့အတွက် ဖန်တီးထားတဲ့ ရည်ရွယ်ချက်အတိုင်းသာ မသုံးဘူးဆိုရင် အသုံးမဝင်သလို သူ့တန်ဖိုးလည်း မရှိတော့ပါဘူး။

ထိုနည်းတူစွာပဲ ကျွန်မတို့ကိုဘာအတွက်ဖန်ဆင်းထားသလဲဆိုတာ မသိနေခဲ့ဘူးဆိုရင် ကျွန်မတို့ဘဝက ရည်ရွယ်ချက်မဲ့နေသလို အသုံးလည်းမဝင်နေတော့ပါဘူး။

ကျွန်မတို့တွေဟာ ကျွန်မတို့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာတွေအားလုံးအပေါ်မှာ အာရုံထွေပြားနေလေ့ရှိကြတယ်။

အလုပ်ကောင်းတွေ၊ ကားအကောင်းစားတွေ အစရှိတဲ့ အကောင်းဆုံးသောပစ္စည်းတွေ ဘဝမှာ ပိုင်ဆိုင်နိုင်တဲ့ ဘဝကောင်းမှာနေချင်တဲ့ စိတ်ပဲရှိနေကြတယ်။

ဘဝမှာ ကောင်းကောင်းနေချင်တယ်၊ စားချင်တယ်ဆိုတဲ့ ရည်မှန်းချက်တွေ ရှိကြတာ တကယ်လည်း ကောင်းပါတယ်၊ မှားတော့လည်း မမှားပါဘူး။ ဒါပေမဲ့လည်း ဒါတွေနောက်ပဲလိုက်နေပြီး ဘဝရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ့်ဖန်ဆင်းရှင်ကို သိပြီး ခဝပ်ကိုးကွယ်ဖို့ကိုပါ ထိပါးမေ့လျော့လာမယ်ဆိုရင်တော့ ဒါက ကျွန်မတို့ဘဝကို ဆိုးရွားစွာ ထိခိုက်လာပါလိမ့်မယ်။

ဒါကြောင့် ကျွန်မတို့ဘဝရဲ့ ရည်ရွယ်ချက်အစစ်ကို မမေ့မလျော့ဘဲ အသိပေးနေတဲ့အလေ့အကျင့်က အရမ်းကိုအရေးကြီးလှပါတယ်။

ဒါကြောင့် မျက်မှောက်ဘဝမှာ ကောင်းမွန်တဲ့ဘဝကို ရရှိဖို့ကြိုးစားနေသလိုဘဲ တပြိုင်နက်တည်းမှာ အာခေရသ်မှာ အကောင်းဆုံးဖြစ်ဖို့ ဘဝရဲ့ ရည်ရွယ်ချက်ကိုအမြဲအသိသွင်းတတ်တဲ့ အလေ့အထလေးကိုပါ လုပ်သွားကြရအောင်နော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟓 𝐅𝐨𝐜𝐮𝐬 𝐨𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟕 𝐊𝐧𝐨𝐰 𝐖𝐡𝐨 𝐘𝐨𝐮 𝐀𝐫𝐞