Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟖 𝐆𝐨𝐚𝐥𝐬 𝐒𝐞𝐭𝐭𝐢𝐧𝐠


ကိုယ်က ဘယ်လိုလူလဲ၊ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို သိပြီဆိုတာနဲ့ ဘဝမှာကိုယ်ဘာကိုလိုချင်လဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မဲ့ ပန်းတိုင်တွေကို သတ်မှတ်ပြီး ချရေးတတ်တဲ့ အလေ့အကျင့် ကို မွေးမြူကြည့်ဖို့ အားပေးချင်ပါတယ်။

ကိုယ့်ဘဝပန်းတိုင်ကို သတ်မှတ်တယ်ဆိုတာက ကျွန်မတို့ကို စိတ်ခွန်အားပေးရုံမျှမက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ပိုင်ဘဝအောင်မြင်မှုတွေ နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အောင်မြင်မှု အဆင့်ကိုပါ တိုးမြှင့်ပေးစေနိုင်ပါတယ်။

ကျွန်မတို့ကိုယ်တိုင်တောင် ဘာဖြစ်ချင်နေလဲဆိုတာ တိတိကျကျမရှိနေဘူးဆိုရင် ဘယ်လိုမှ ဘဝကို ကောင်းကောင်းစီမံနိုင်မှာမဟုတ်ပါဘူး။ အဲ့လိုပဲ ကိုယ်တိုင်တောင် မဝေခွဲတတ်တဲ့ ကိစ္စတိုင်းမှာလည်း တိုးတက်အောင်မြင်အောင် လုပ်နိုင်ဖို့ ခက်ပါလိမ့်မယ်။

ပန်းတိုင်သတ်မှတ်ရေးစွဲခြင်း (Goal Setting) က ဒီလိုမျိုး ကိုယ်ဖြစ်ချင်နေတဲ့အရာတွေကို တိတိကျကျသိနိုင်ဖို့ အကူအညီပေးနိုင်သလို ဒီ့ထပ်ပိုပြီး ဘဝကို အဆင်ပြေအောင် နေရာချတတ်ဖို့ ကူညီပေးပါလိမ့်မယ်။

ပန်းတိုင်သတ်မှတ်ချက်တွေ (Goal Setting)လုပ်တော့မယ်ဆိုရင် နည်းလမ်းတွေအများကြီးရှိပါတယ်။

အဲ့ဒီနည်းလမ်းတွေထဲကမှ “SMART GOALS” ကတော့ လူသုံးများပါတယ်။

SMART Goals ဆိုတာ “S – Specific (တိကျမှုရှိသော)” , “M – Measurable (တိုင်းတာ၍ရသော)“ , “A – Achievable (ဖြစ်မြောက်နိုင်ခြေရှိသော)“, “R – Realistic (အစစ်အမှန်ဖြစ်သော)“ နှင့် “T – Timely(အချိန်သတ်မှတ်ချက်အတွင်း)“ တို့ကို ဆိုလိုခြင်းဖြစ်ပါတယ်။

လိုရင်းကတော့ တိကျသေချာတဲ့အချိန်တစ်ခု သတ်မှတ်ပြီး ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်ရဲ့ တကယ်ကို တိတိကျကျနဲ့ ဖြစ်နိုင်ချေ၊ အောင်မြင်နိုင်ချေ ရှိတဲ့ Goal တစ်ခု ကို ပြီးမြောက်အောင် အကောင်အထည်ဖော်ခြင်းပဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကျွန်မတို့ ကျမ်းမြတ်ကုရ်အာန် တစ်ခသာမ် ပြီးအောင်ဖတ်ချင်စိတ်သာရှိပြီး ဖတ်လိုက်၊ မဖတ်လိုက်နှင့် ရက်တွေ ကြာလာတာမျိုးထက် ၂ လ အတွင်း နမာဇ်တစ်ကြိမ်ဖတ်ပြီးတိုင်း Ayah ၂၀ ပုံမှန်ဖတ်သွားတာမျိုး။ ကိုယ်လည်း တကယ်လုပ်နိုင်ပြီး အမှန်တကယ် အချိန်မှီ အကောင်အထည်ဖော်နိုင်တဲ့အရာမျိုးကို စနစ်တကျ ပုံစံရေးဆွဲတာမျိုးဖြစ်ပါတယ်။

ကျွန်မရဲ့ မိတ်ဆွေတို့ကရော ဘယ်လို နည်းတွေ သုံးပြီး Goal settings တွေ ရေးဆွဲတတ်ကြပါသလဲ။

နားလည်လွယ်ပြီး ရိုးရှင်း အသုံးဝင်တဲ့ နည်းလမ်းတွေရှိရင်လည်း မျှဝေပေးလို့ရပါတယ်။

နောက်ရက်တွေမှာလည်း အသုံးဝင်နိုင်မဲ့ အလေ့အကျင့်ကောင်းတွေကို ဆက်လက်မျှဝေပေးသွားပါမယ်ရှင်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟕 𝐊𝐧𝐨𝐰 𝐖𝐡𝐨 𝐘𝐨𝐮 𝐀𝐫𝐞 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟗 𝐃𝐚𝐢𝐥𝐲 𝐀𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧