Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟐 𝐒𝐭𝐚𝐲𝐢𝐧𝐠 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥𝐥𝐲 𝐀𝐜𝐭𝐢𝐯𝐞


တစ်ခါတစ်ရံကျွန်မတို့တွေက နေ့တဓူဝကိစ္စတွေများလွန်းနေတဲ့အတွက် ကျန်းမာ‌ရေးကို သီးသီးသန့်သန့်မလိုက်စားဖြစ်ကြတာများပါတယ်။

ခုနောက်ပိုင်းမှာတော့ လူငယ်တော်တော်များက Gym သွားပြီး လေ့ကျင့်ခန်းလုပ်တတ်တဲ့အလေ့အကျင့်လုပ်လာကြတာ အတော်ကို အားရစရာကောင်းပါတယ်။

ဒါပေမဲ့လည်း နေမကောင်းဖြစ်ခါမှဖြစ်ရော၊ တခုတ်တရ ကျန်းမာရေးအတွက် အချိန်မပေးဖြစ်တဲ့ သူတွေအများကြီးရှိနေပါတယ်။

ကျန်းမာရေးကောင်းမှသာ ကိုယ်လုပ်ချင်တာတွေလုပ်နိုင်မှာဖြစ်သလို၊ ငွေကုန်ကြေးကျမများအောင် ထိန်းနိုင်မှာ ဖြစ်တဲ့အတွက် ကျန်းမာရေးလိုက်စားဖို့အချက်ကိုလည်း မမေ့မလျော့အောင် အလေ့အကျင့် တစ်ခု ဖန်တီးထားသင့်ပါတယ်။

အချိန်လည်းပေးနိုင်မယ်၊ အဆင်လည်းပြေမယ်ဆိုရင် မနက်ခင်းတိုင်း လမ်းလျောက်တဲ့အလေ့အကျင့်မျိုးက လူကြီး‌ရော၊ လူငယ်အတွက်ပါ အကျိုးရှိပါတယ်။

အချိန်မရခဲ့ဘူးဆိုရင်ဖြစ်ဖြစ်၊ အပြင်ထွက်ဖို့လည်း အဆင်မပြေဘူးဆိုရင် အိမ်တွင်းမှာ၊ ကိုယ့်ခြံထဲမှာ လမ်းပတ်လျောက်နေတာ၊ လှေကားပေါ် အတက်အဆင်းလုပ်ကြည့်တာ ဒီလိုမျိုးလည်း လုပ်လို့ရပါတယ်။

အရမ်း အပြင်းအထန်မဟုတ်ဘဲ ချွေးလေးစို့ရုံ ကိုယ်လက်လေ့ကျင့်ခန်းလှုပ်ရှားမှုကို မနက်တိုင်းနေ့စဉ်မပြတ်လုပ်သွားနိုင်ရင်အကောင်းဆုံးပါပဲ။

Gym ပဲသွားသွား၊ ယောဂ၊ အေရိုးဗစ် ပဲ လုပ်လုပ်၊ လမ်းပဲလျောက်လျောက် ပုံမှန် လုပ်နိုင်ဖို့ အချိန်ပေးသင့်ပါတယ်။

တကယ်လို့များ သီးသန့်အချိန်ထုတ်လို့မရဘူးဆိုရင်လည်း တတ်နိုင်သမျှ ကားစီးသွားရတာမျိုးကို လျော့ပြီး လမ်းလျောက်တဲ့အလေ့အကျင့်လုပ်တာမျိုးတို့၊ နိုင်ငံရပ်ခြားမှာနေသူတွေဆိုရင်လည်း ရထားစီးတာမျိုးဆိုရင် ဓာတ်လှေကားအစား ပုံမှန်လှေကားက တက်ဆင်းတာမျိုး လုပ်သွားပေးသင့်ပါတယ်။

ကျန်းမာရေးက ကြီးကြီးငယ်ငယ် လူတိုင်းလိုက်စားသင့်တာမို့ အချိန်မလွန်ခင် ကိုယ်တတ်နိုင်သမျှ အချိန်လေးထုတ်ပြီး ကိုယ်လက်လှုပ်ရှားမှုလုပ်တဲ့ အလေ့အကျင့်လေး ပြုလုပ်သွားကြရအောင်နော်။

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟏 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐘𝐨𝐮𝐫 𝐌𝐞𝐚𝐥𝐬 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟑 𝐊𝐞𝐞𝐩𝐢𝐧𝐠 𝐠𝐨𝐨𝐝 𝐜𝐨𝐦𝐩𝐚𝐧𝐲