Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟒 𝐀𝐯𝐨𝐢𝐝 𝐜𝐨𝐦𝐩𝐚𝐫𝐢𝐧𝐠 𝐰𝐢𝐭𝐡 𝐨𝐭𝐡𝐞𝐫𝐬


ကျွန်မတို့တွေက လက်ရှိကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေထက် တခြားသူတွေရဲ့ အောင်မြင်မှုတွေကိုသာ ပိုမြင်တတ်ပြီး သိစိတ်‌ရော မသိစိတ်နဲ့ပါ နှိုင်းယှဉ်တတ်ကြပါတယ်။

ဒီလိုဖြစ်တတ်တဲ့စိတ်က လူတော်တော်များမှာရှိတတ်တာမို့ တကယ်တမ်းကျ သူများကိုအားမကျပါနဲ့ ပြောဖို့ခက်တယ်မဟုတ်လား။

ဒါပေမဲ့ ကျွန်မတို့ အစ္စလာမ့်ရှုထောင့်နဲ့ ဒီလိုအခြေအနေကို မြင်တတ်အောင်ကြည့်သင့်ပါတယ်။

ပထမအချက်အနေနဲ့ သတိပြုသင့်တာက ဖန်ဆင်းရှင်က ကျွန်မတို့အားလုံးကို မတူညီတဲ့ပိုင်ဆိုင်မှုတွေပေးထားပြီးသားပါ။

သူကတော့အများကြီးပိုင်ဆိုင်ထားတယ်၊ ငါကတော့နည်းနည်းလေးပဲရတယ် ဆိုတာမျိုး အပြစ်တင်စောဒကတက်တာမျိုးထက် ကိုယ့်မှာဘာတွေရှိလဲ၊ ဘာတွေပိုင်ဆိုင်နေတာလဲ ဆိုတာကို သိမြင်အောင်လုပ်ပါ။

ဒုတိယသတိပြုရမဲ့အချက်က လက်ရှိဘဝမှာ ဘာတွေပိုင်ဆိုင်ထားလဲဆိုတာ ထက် ကိုယ့်မှာရှိတဲ့အရာတွေကို ဘယ်လိုကောင်းမွန်အောင်အသုံးချရမလဲဆိုတဲ့အချက်ပါ။

အများကြီးပိုင်ဆိုင်ထားလည်း ကောင်းကောင်းအသုံးမချရင် အလကားဖြစ်သလို နည်းနည်းလေးပေမဲ့ ကောင်းကောင်းအသုံးချတတ်ရင် ဘဝက အောင်မြင်မှာ အသေအချာပါပဲ။

ကောင်းကောင်းအသုံးချတယ်ဆိုတာက ဘာကိုဆိုလိုတာလဲဆိုရင် ကိုယ့်မှာရှိနေတဲ့အားသာချက်ကိုအသုံးချပြီး အမြဲတမ်းကြိုးစားနေမယ်။ Allah(سبحانه وتعالى) နဲ့ ပိုနီးစပ်အောင်ကြိုးစားမယ်။ တတ်သမျှပညာတွေကို ဖြန့်ဝေမယ်။ တခြားသူပေါ် မယုတ်မာဘူး။ ကြားဖြတ်မလုဘူး။ သူများကို နစ်နာအောင်မလုပ်ဘူး။ အမှန်တရားဘက်က ရပ်တည်မယ်။

ဒီလိုနည်းနဲ့ ဘဝကို နေထိုင်နေတာက ကိုယ့်မှာရှိတဲ့ ဖန်ဆင်းရှင်ပေးထားတဲ့ ထူးမြတ်တဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဘဝကို အ‌ကောင်းဆုံးနေထိုင်ခြင်းပဲဖြစ်ပါတယ်။

နောက်ဆုံးအချက်အနေနဲ့ သတိပြုသင့်တာက ကိုယ့်မှာပိုင်ဆိုင်နေတာတွေက ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေဖြစ်ပြီးတော့ ကိုယ်ဘယ်လိုကြိုးစားကြိုးစားမရနိုင်တဲ့အရာတွေက ကိုယ့်အတွက်မဟုတ်နေလို့ပါပဲ။

ကျွန်မတို့အမြဲပြောနေသလိုပါပဲ။ တစ်ခါတစ်လေ ကိုယ်ကြိုးစားသလောက်၊ စီစဉ်ထားသလောက် ဖြစ်မလာနေခဲ့ဘူးဆိုရင် ဒါက အဆိုးဖြစ်လာနိုင်လို့ ကိုယ့်အတွယ် ဖယ်ပေးတာဖြစ်နိုင်သလို၊ ပိုကောင်းတဲ့ Plan တစ်ခု ကျွန်မတို့အတွက် Allah (سبحانه وتعالى) ပေးမှာ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ဘယ်လိုအခြေအနေမှာမဆို ဘယ်လောက်ပဲ ခက်ခဲနေပါစေ သူများနှင့် ယှဉ်ပြိုင်တုပမှုမလုပ်ဘဲ အကောင်းဆုံး ကိုယ်နိုင်သလောက်ကြိုးစားတဲ့ အလေ့အကျင့်လေး ပြုလုပ်သွားဖို့ အကြံပြုပါရစေနော်။ 

30 Habits For A Confident Muslim

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟑 𝐊𝐞𝐞𝐩𝐢𝐧𝐠 𝐠𝐨𝐨𝐝 𝐜𝐨𝐦𝐩𝐚𝐧𝐲 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟐𝟓 𝐇𝐚𝐛𝐢𝐭𝐬 𝐨𝐟 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠 𝐭𝐨 𝐨𝐭𝐡𝐞𝐫𝐬