Skip to content

အလ္လာဟ် ချစ်မြတ်နိုးသော… ကြိုးစားနေကြသူများ

လူအများစုဟာ အလ္လာဟ် (سبحانه وتعالى) နှင့် အလွန်ဝေးကွာနေတယ်လို့ ခံစား​နေကြရတဲ့အတွက် အလ္လာဟ်(سبحانه وتعالى) ထံ စိတ်ရင်းမှန်ဖြင့် တောင်းဆုဒုအာအ်မပြုကြတော့ပါဘူး။ အမှန်မှာ အလ္လာဟ်(سبحانه وتعالى) ထံသို့ ခေါ်ဆို ဒုအာအ်တောင်းခံခြင်းက ထိုကွာဟချက်ကို ပိတ်ဆို့ပေးပြီး ထိုအကွာအဝေးကို လျှော့ချပေးသည့် နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို ထိုသူတို့ နားမလည်ကြပါဘူး။

 ရှိုင်တွာန်သည် ပထမဆုံး ကျွန်မတို့ကို အပြစ်လုပ်မိဖို့ သွေးဆောင်ပါတယ်။ ဒီအပြစ်တွေက ကျွန်မတို့နဲ့ အလ္လာဟ် (سبحانه وتعالى) ကြားမှာ အကွာအဝေးဖြစ်စေပါတယ်။ ပြီးတော့ ရှိုင်တွာန်က ကျွန်မတို့ကို အလ္လာဟ် (سبحانه وتعالى) ထံ နောင်တနဲ့ ပြန်လာဖို့နဲ့ ဆုတောင်းမှုပြုလုပ်ဖို့ ရှက်ရွံ့မိအောင်ပြုလုပ်စေတတ်ပါတယ်။ အမှန်တကယ်က ဒီလိုဒုအာအ်တောင်းခြင်းမျိုးက ကျွန်မတို့ကို အလ္လာဟ် (سبحانه وتعالى) နဲ့ ပိုနီးစေဖို့ပါ။ ဒါက စူရာဟ် အလ်–ဗကရာဟ်ထဲမှာ အလ္လာဟ် (سبحانه وتعالى) ပြောထားတဲ့ အရမ်းအရေးကြီးတဲ့ ဆက်စပ်မှုတစ်ခုပါ –
إِنَّ اللَّهَ يُحِبُّ التَّوَّابِينَ وَيُحِبُّ الْمُتَطَهِّرِينَ

 “အမှန် စင်စစ် အလ္လာဟ် အရှင်မြတ်သည် ဝန်ချတောင်းပန်(ပြီးအရှင်မြတ်ဘက် အလွန်လှည့်သော)သူများအား နှစ်သက်တော်မူသည်။ ၎င်းပြင် သန့်ပြန့်စင်ကြယ် သောသူများအားလည်းနှစ်သက်တော်မူသည်။” (2:222)

 ပညာရှင်တချို့က ဒီအာယာဟ်ကို ရုပ်ပိုင်းဆိုင်ရာ သန့်စင်ခြင်းအကြောင်းလို့ နားလည်ကြပါတယ်။ ဥပမာ – Wudu (ဝူဒူ) နဲ့ Taharah (တာဟာရာ) လိုမျိုး ကျွန်မတို့ ဆွလာသ် (ဝတ်ပြုဆုတောင်းခြင်း) မလုပ်ခင် ခန္ဓာကိုယ်ကို သန့်စင်တဲ့ နည်းလမ်းတွေပါ။

 အခြားပညာရှင်တွေကတော့ ဒီအာယာဟ်သည် စိတ်ပိုင်းဆိုင်ရာ အဓိပ္ပါယ်လည်း ရှိတယ်လို့ ပြောကြပါတယ်။ ကျွန်မကတော့ ဒီအကြောင်းကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ပြောပြလိုပါတယ်။ အလ္လာဟ် (سبحانه وتعالى) က သန့်စင်ဖို့ ကြိုးစားနေသူတွေကို ချစ်သလိုပဲ နောင်တရဖို့ ကြိုးစားနေသူတွေကိုလည်း ချစ်ပါတယ်။ ဒါဟာ အပြစ်လုံးဝ မလုပ်တော့လို့ နောင်တရသူတွေကို ချစ်တာ မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ သန့်စင်အောင် ကြိုးစားနေရုံနဲ့ ချစ်ပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ အပြည့်အဝ သန့်စင်နေမှ ဆုတောင်းဖို့ ထိုက်တန်တယ်လို့ မမျှော်လင့်ပါဘူး။ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ ကြိုးစားနေရုံနဲ့ ချစ်ပါတယ်။ ဒါဟာ ကျွန်မတို့ကို နောင်တရဖို့နဲ့ တောင်းဆုဒုအာ်ပြုဖို့ ကူညီနိုင်တဲ့ လှပလွန်းတဲ့ အယူအဆတစ်ခုပါ။

 ဒီအာယာဟ်အတွက် လှပတဲ့ ရှင်းပြချက်တစ်ခု ရှိပါတယ်။ အီမမ် ဟာဆန် အလ်-ဗာဆရီနဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုရာမှာ နာမည်ကြီးသူဖြစ်တဲ့ မုဂျာဟဒ် (رحمه الله) တို့က ဒီအကြောင်းကို စိတ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ရှင်းပြခဲ့ပါတယ်။ သူတို့က “إِنَّ اللهَ يُحِبُّ التَّوَّابِينَ” (အလ္လာဟ် (سبحانه وتعالى) သည် နောင်တရသူတွေကို ချစ်တယ်) ဆိုတာဟာ အပြစ်တွေကို မလုပ်ဘဲနေသူတွေ သို့မဟုတ် အပြစ်တစ်ခုကို ပြန်မလုပ်တော့တဲ့သူတွေကို ဆိုလိုတယ်လို့ ပြောခဲ့ပါတယ်။ သူတို့က “وَلَمْ يُصِيبُوهَا” – ဒါဟာ အပြစ်တွေမှာ မပါဝင်တဲ့သူတွေ သို့မဟုတ် အဲဒီအပြစ်တွေကို ထပ်ခါထပ်ခါ မလုပ်ဖို့ ဆုံးဖြတ်ထားတဲ့သူတွေပါ – လို့ ရှင်းပြခဲ့ပါတယ်။ တစ်ခါတစ်ရံ အပြစ်တွေ ကျူးလွန်မိရင်တောင်၊ သူတို့က အလ္လာဟ် (سبحانه وتعالى) ဆီ ပြန်လာဖို့ တွန်းအားပေးနေပါတယ်။

 သူတို့ ပေးခဲ့တဲ့ ဒုတိယ ရှင်းပြချက်ကတော့ “وَالمُتطََهِّرِينَ لاَ يعَُودُونَ إلَِيهَْا” – သန့်စင်ဖို့ ကြိုးစားနေတဲ့သူတွေဟာ တူညီတဲ့အပြစ်ကို ထပ်ခါထပ်ခါ မလုပ်ကြဘူး။ အကယ်၍ ထပ်လုပ်ရင် အလ္လာဟ် (سبحانه وتعالى) ကို အလေးမထားဘူးဆိုတာ ပြသရာရောက်ပါတယ်။ ထပ်ပြီး သူတို့ရဲ့ နောင်တ (သောင်ဗာဟ်) ကို အလေးအနက် မထားဘူးဆိုတာ ပြသပြီး၊ သူတို့ပြုခဲ့တဲ့မှားယွင်းတဲ့လုပ်ရပ်တဲ့ ပတ်သတ်တဲ့ သင်ခန်းစာကိုလည်း မလေ့လာရသေးဘူးဆိုတာ ပြသရာရောက်ပါတယ်။

 ထိုသို့လုပ်ခြင်းသည် အလ္လာဟ် (سبحانه وتعالى) ကို မထီမဲ့မြင်ပြုခြင်း ဖြစ်ပါတယ်။ သူတို့၏ နောင်တကို အလေးအနက်မထားခြင်း ဖြစ်ပါတယ်၊ ထို့အပြင် သူတို့ရဲ့လုပ်ရပ်ကြောင့် ရရှိလာတဲ့သင်ခန်းစာကို မလေ့လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 ဒီနေရာမှာ နားလည်ဖို့ အရေးကြီးတဲ့အချက်တစ်ခု ရှိပါတယ်။ အလ္လာဟ် (سبحانه وتعالى) က ကျွန်မတို့ ကြိုးစားနေတာကိုပဲ ချစ်မြတ်နိုးပါတယ်။ ကိုယ့်ကိုယ်ကို သန့်စင်အောင် လုပ်နေတာကိုပဲ ချစ်ပါတယ်။

 တစ်ခါတစ်ရံ ကျွန်မတို့ဟာ အပြစ်တစ်ခုအတွက် စိတ်ရင်းမှန်နဲ့ နောင်တရပြီး၊ အဲဒီအပြစ်ကို ထပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ပေမယ့်လည်း တကယ်တမ်း ပြန်လုပ်မိတော့တယ်။ ဒါပေမယ့် ဒီလို ဖြစ်တာက ကျွန်မတို့ အလ္လာဟ်ရဲ့ ချစ်ခြင်းကို မခံထိုက်တော့ဘူးလို့ မဆိုလိုပါဘူး။ ဒါက ကျွန်မတို့ ယခင်က တွေးတဲ့အပြစ်တွေ အားလုံး ပြန်ဖွင့်လာပြီလို့လည်း မဆိုလိုပါဘူး။ ကျွန်မတို့ရဲ့ ယခင်နောင်တတွေကလည်း ပျက်သွားတာ မဟုတ်ပါဘူး။

 ဒါပေမယ့် အလ္လာဟ် (سبحانه وتعالى) ရဲ့ ချစ်ခြင်းကနေ ထွက်သွားနိုင်တဲ့အခြေအနေကတော့ – ကျွန်မတို့က အပြစ်တွေကို ဆက်တိုက်လုပ်ပြီး အလ္လာဟ် (سبحانه وتعالى) ကို ဂရုမစိုက်တဲ့အခါ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ နောင်တဟာ အမှန်တကယ် ရိုးသားမှု မရှိတဲ့အခါ သို့မဟုတ် ကိုယ့်ကိုယ်ကို သန့်စင်အောင် တကယ်မကြိုးစားတဲ့အခါ ဖြစ်ပါတယ်။

 ဒါကြောင့် ကျွန်မတို့ စိတ်ရင်းမှန်နဲ့ နောင်တရပြီးမှ ထပ်အားနည်းသွားတာနဲ့၊ ကျွန်မတို့ရဲ့ နောင်တ သို့မဟုတ် သန့်စင်ဖို့ ကြိုးပမ်းမှုတွေမှာ စိတ်ရင်းမှန် မရှိတာက တော်တော်ကွာခြားပါတယ်။

 ကျွန်မတို့ အမြဲတမ်း သန့်စင်ဖို့ ကြိုးစားနေနိုင်ရန်၊ ပိုကောင်းတဲ့ အခြေအနေတွေကို ရောက်ရှိနိုင်ရန်၊ ကျွန်မတို့ အားနည်းချိန်တွေမှာတောင် နောင်တရနေဆဲဖြစ်ဖို့နဲ့ ကိုယ့်ကိုယ်ကို သန့်စင်ဖို့ ဆက်လက်ကြိုးစားနေဖို့ အလ္လာဟ် (سبحانه وتعالى) ထံ တောင်းဆုဒုအာအ်ပြုအပ်ပါတယိ။ အာမီးန်။ 

အလ္လာဟ်ချစ်မြတ်နိုးသော...

အလ္လာဟ်ချစ်မြတ်နိုးသော…စိတ်ရင်းမှန်ဖြင့် ဒုအာအ်ပြုလုပ်ခြင်း  အလ္လာဟ်အရှင် ချစ်မြတ်နိုးသော… မျက်ရည်နှင့် အမှတ်အသားများ