Skip to content

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟏 𝐒𝐭𝐚𝐫𝐭𝐬 𝐰𝐢𝐭𝐡 𝐁𝐢𝐬𝐦𝐢𝐥𝐥𝐚𝐡

ဗိစ်မိလ္လာဟ် နှင့် အစပြု၍ အလ်ဟမ်းဒုလိလ္လာဟ် နှင့် အဆုံးသတ်ပါ။ ကျွန်မတို့တွေသည် လုပ်သမျှကောင်းမှုတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို ဗိစ်မိလ်လားဟိရ်မားနိရ်ရဟီးမ် ( بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ) လို့ ရွတ်ဆိုပြီး ပြုလုပ်လေ့ရှိပါတယ်။ ဗိစ်မိလ်လားဟိရ်မားနိရ်ရဟီးမ် ( بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ) ဆိုသည်အမှာ Allah(سبحانه وتعالى) သည် အလွန်တရာ သနားကရုဏာတော်နှင့် ပြည့်စုံသောမူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင် ဖြစ်သည့်အတွက် ကျွန်မတို့လုပ်ဆောင်မဲ့… 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟏 𝐒𝐭𝐚𝐫𝐭𝐬 𝐰𝐢𝐭𝐡 𝐁𝐢𝐬𝐦𝐢𝐥𝐥𝐚𝐡

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟐 𝐒𝐭𝐨𝐩 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬

မိမိကိုယ်ကို မကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်တွေကို ရပ်တန့်ကြရအောင်။ မကောင်းမြင်စိတ်၊ အဆိုးမြင်စိတ် လို့ပြောရင် အဓိပ္ပာယ်တွေ အများကြီးရှိနိုင်ပါတယ်။ ဒီနေ့ကျွန်မတို့ ဦးတည်ပြောချင်တဲ့ အကြောင်းအရာကတော့ မိမိကိုယ်ကိုပေါ် ဖြစ်တတ်လာတဲ့ မကောင်းမြင်စိတ်၊အဆိုးမြင်စိတ် အကြောင်းပါ။ ဥပမာအားဖြင့် “ငါကြိုးစားနေရဲ့သားနဲ့ အဆိုးတွေပဲကြုံနေရတယ်။ ငါဘာအတွက်ကြိုးစားနေရတော့မှာလဲ။” ဆိုတဲ့ အတွေးမျိုးပါ။ Allah (سبحانه وتعالى)မှ ကိုယ့်အပေါ် ချီးမြှင့်ပေးထားတဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ သံသယဝင်လာတဲ့ အတွေးမျိုးတွေကို ရည်ညွှန်းပြောဆိုချင်တာဖြစ်ပါတယ်။ တကယ်တော့ ခုလိုအတွေးတွေက ကိုယ့်ရဲ့… 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟐 𝐒𝐭𝐨𝐩 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐓𝐡𝐨𝐮𝐠𝐡𝐭𝐬

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟑 𝐀𝐯𝐨𝐢𝐝 𝐕𝐚𝐢𝐧 𝐓𝐚𝐥𝐤

အကျိုးမရှိတဲ့စကားပြောဆိုခြင်းကို ရှောင်ကြဉ်မဲ့ အလေ့အကျင့် ကျွန်မတို့ မကောင်းမြင်စိတ်၊ အဆိုးမြင်စိတ် နှင့် ပတ်သက်တဲ့အကြောင်းတွေ၊ ဒီအတွေးတွေက ရှိုင်တွာန်ဆီကလာတယ်ဆိုတာသိပြီး ဘယ်လို ရပ်တန့်ပစ်ရမလဲဆိုတာတွေ ကို Habit No.2 မှာ ပြောခဲ့ပြီးပါပြီ။ ဒီနေ့ Habit No.3 အနေနဲ့ ပြောမဲ့ အကြောင်းအရာလေးကတော့ “အနှစ်သာရမရှိတဲ့/ အကျိုးမရှိတဲ့ စကားတွေပြောဆိုခြင်းကို ရှောင်ကြဉ်ဖို့” ပဲ ဖြစ်ပါတယ်။ အကျိုးမရှိတဲ့အကြောင်းအရာတွေ၊ စကားတွေကို ပြောဆိုခြင်းက ကျွန်မတို့ရဲ့ တက်ကြွစွာလုပ်ဆောင်နိုင်စွမ်း (Productivity)… 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟑 𝐀𝐯𝐨𝐢𝐝 𝐕𝐚𝐢𝐧 𝐓𝐚𝐥𝐤

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟒 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞

ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေအပေါ်မှာ ဝမ်းမြောက်စွာနှင့် ကျေးဇူးတင်တတ်သည့် အလေ့အကျင့် ပြီးခဲ့တဲ့ Habit ပို့စ်မှာ အကျိုးမရှိတဲ့စကားများပြောဆိုခြင်းကို ရှောင်ရှားခြင်းအားဖြင့် Allah (سبحانه وتعالى) မှ ချီးမြှင့်ပေးထားတဲ့ အချိန်တိုင်းကို တန်ဖိုးထားတတ်ဖို့ ပြောခဲ့ပါတယ်။ ဒီနေ့ Habit အနေနဲ့ကတော့ Allah (سبحانه وتعالى) မှ ကျွန်မတို့အပေါ်ချီးမြှင့်ပေးထားတဲ့ အရာတစ်ခုချင်းစီတိုင်းကို ဝမ်းမြောက်စွာနှင့် ကျေးဇူးသိတတ်ခြင်းအားဖြင့် တန်ဖိုးထားသင့်ကြောင်း ပြောသွားမှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေသုံးပြီး သတင်းပေါင်းသောင်း‌‌ခြောက်ထောင်နှင့် ဗျာများနေကြတဲ့… 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟒 𝐆𝐫𝐚𝐭𝐢𝐭𝐮𝐝𝐞

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟓 𝐅𝐨𝐜𝐮𝐬 𝐨𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞𝐬

ကောင်းမွန်တဲ့အရာတွေအပေါ် ပိုအာရုံစိုက်ကြရအောင်။ ပြီးခဲ့တဲ့ ပို့စ် မှာတော့ Allah (سبحانه وتعالى) မှ ကျွန်မတို့အပေါ် ချီးမြှင့်ပေးထားတဲ့ အရာတွေအားလုံးအတွက် ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးမြူတတ်တဲ့ အလေ့အကျင့် အကြောင်းပြောခဲ့သလို ဒီနေ့မှာတော့ ကောင်းမွန်တဲ့အရာတွေအပေါ် ပိုပြီးအာရုံစိုက်တတ်တဲ့ အလေ့အကျင့်မွေးမြူတတ်ဖို့ ပြောသွားမှာပဲ ဖြစ်ပါတယ်။ “ဘယ်အရာကိုပဲ အာရုံစိုက်မိပါစေ၊ အဲ့ဒီအရာက ပိုပြီး ဖြစ်ဖြစ်လာတယ်” ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခုကို ကြားဖူးမိကောင်း ကြားဖူးမိနိုင်ပါတယ်။ အဲ့ဒါတကယ် အမှန်ပါပဲ။ ကျွန်မတို့ ဘဝရဲ့… 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟓 𝐅𝐨𝐜𝐮𝐬 𝐨𝐧 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞𝐬

𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟔 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐢𝐧 𝐋𝐢𝐟𝐞

ဘဝရဲ့ ရည်ရွယ်ချက်ကို သိမြင်နိုင်ဖို့ ကြိုးစားတဲ့ အလေ့အကျင့်။ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကို သိမြင်ပါစေ။ အခုမတိုင်ခင်အထိ မကောင်းမြင်စိတ်ကိုရှောင်ကြဉ်တတ်ဖို့နှင့် အကောင်းတွေကို ပိုအာရုံစိုက်တတ်ဖို့ အလေ့အကျင့်တွေကို ပြောခဲ့ပါတယ်။ ဒီနေ့ကစပြီး နောက်ရက်အနည်းငယ်အထိ ဘဝရဲ့အဓိပ္ပါယ်ကို ရှာတတ်ဖို့၊ သုံးတတ်ဖို့နဲ့ ဘဝအတွက် အစီအစဥ်ရေးစွဲတတ်ဖို့ အလေ့အကျင့်တွေအကြောင်းကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ခေါင်းစဉ်ကတော့ ‘ ဘဝရဲ့ ရည်ရွယ်ချက်ကိုသိမြင်တတ်ပါစေ’ ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မသိချင်တာတစ်ခုက ” ငါ့ဘဝရဲ့ ရည်ရွယ်ချက်… 𝐇𝐚𝐛𝐢𝐭 𝐍𝐨. 𝟔 𝐊𝐧𝐨𝐰 𝐘𝐨𝐮𝐫 𝐏𝐮𝐫𝐩𝐨𝐬𝐞 𝐢𝐧 𝐋𝐢𝐟𝐞

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟕 𝐊𝐧𝐨𝐰 𝐖𝐡𝐨 𝐘𝐨𝐮 𝐀𝐫𝐞

ကိုယ့်ကိုယ်ကို သိမြင်နားလည်တတ်အောင်ကြိုးစားတဲ့ အလေ့အကျင့်။ ဘဝရဲ့ ရည်ရွယ်ချက်ကို သိမြင်အောင်ကြိုးစားတတ်တဲ့ အလေ့အကျင့်အကြောင်းကို မနေ့က ပြောခဲ့ပါတယ်။ ဒီနေ့ခေါင်းစဉ်ကတော့ ကိုယ့်ကိုယ်ကို သိမြင်အောင် ကြိုးစားတဲ့အ‌လေ့အကျင့် ကို မွေးမြူဖို့ ပဲ ဖြစ်ပါတယ်။ ကျွန်မတို့တွေ ကြီးပြင်းလာကြတာနဲ့အမျှ ကိုယ့်ကိုယ်ကို ပြန်မြင်ယောင်တဲ့ ပုံစံတွေ ကွာခြားလာပါတယ်။ အဲ့လိုပဲ ကိုယ့်ကို သူများတွေအမြင်မှာ မြင်ယောင်မဲ့ ပုံစံကိုလည်း ပြောင်းလဲချင်ကောင်း ပြောင်းလဲချင်လာပါလိမ့်မယ်။ ဒါကြောင့် အမှန်တကယ် ကိုယ်ကဘယ်လိုလူလဲ ဆိုတာကို အမြဲတမ်း… 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟕 𝐊𝐧𝐨𝐰 𝐖𝐡𝐨 𝐘𝐨𝐮 𝐀𝐫𝐞

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟖 𝐆𝐨𝐚𝐥𝐬 𝐒𝐞𝐭𝐭𝐢𝐧𝐠

ဘဝအတွက်ပန်းတိုင်သတ်မှတ် ရေးစွဲခြင်း အ‌လေ့အကျင့်။ ကိုယ်က ဘယ်လိုလူလဲ၊ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်ကဘာလဲ ဆိုတာကို သိပြီဆိုတာနဲ့ ဘဝမှာကိုယ်ဘာကိုလိုချင်လဲဆိုတာကို ဆုံးဖြတ်ပေးနိုင်မဲ့ ပန်းတိုင်တွေကို သတ်မှတ်ပြီး ချရေးတတ်တဲ့ အလေ့အကျင့် ကို မွေးမြူကြည့်ဖို့ အားပေးချင်ပါတယ်။ ကိုယ့်ဘဝပန်းတိုင်ကို သတ်မှတ်တယ်ဆိုတာက ကျွန်မတို့ကို စိတ်ခွန်အားပေးရုံမျှမက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ပိုင်ဘဝအောင်မြင်မှုတွေ နှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အောင်မြင်မှု အဆင့်ကိုပါ တိုးမြှင့်ပေးစေနိုင်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်တောင် ဘာဖြစ်ချင်နေလဲဆိုတာ တိတိကျကျမရှိနေဘူးဆိုရင် ဘယ်လိုမှ ဘဝကို… 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟖 𝐆𝐨𝐚𝐥𝐬 𝐒𝐞𝐭𝐭𝐢𝐧𝐠

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟗 𝐃𝐚𝐢𝐥𝐲 𝐀𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧

နေ့စဉ်ကောင်းသောကိစ္စရပ်များကိုနှလုံးသွင်းခြင်း ပြီးခဲ့တဲ့အလေ့အကျင့်တွေအနေနဲ့ မကောင်းမြင်စိတ်တွေကိုရှောင်ကြဉ်ဖို့၊ ဘဝမှာ ကိုယ်လိုချင်တာတွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Goal setting ချမှတ်ဖို့ ပြောခဲ့ပါတယ်။ ဒီနေ့အတွက် အလေ့အကျင့်ကတော့ ကျွန်မတို့ရဲ့ မသိစိတ်စွမ်းအား (the power of the unconscious mind) လိုမျိုး ကျွန်မတို့ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်း (the brain’s ability) ကို အသုံးပြုပြီး ပြီးခဲ့တဲ့ အလေ့အကျင့်တွေကို ပိုပြီးအားကောင်းသွားစေဖို့ Daily affirmation ပြုလုပ်ခြင်း… 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟗 𝐃𝐚𝐢𝐥𝐲 𝐀𝐟𝐟𝐢𝐫𝐦𝐚𝐭𝐢𝐨𝐧

𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟎- 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐒𝐞𝐞𝐤𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞

အသိပညာရှာဖွေလေ့လာခြင်း အလေ့အကျင့် အစ္စလာမ်သည် အသိပညာရှာဖွေလေ့လာခြင်းကို အရေးပေးလေ့ရှိပါသည်။ ကျမ်းမြတ်ကုရ်အာန်ထဲတွင် ဆင့်ပြန်ထားသော ပထမဆုံး အာယတ် ၅ ကြောင်း ကို ပြန်လေ့လာကြည်မယ်ဆိုလျင် “”(ဖတ်ပါ) ဆိုတဲ့စကားလုံးကို ၂ ကြိမ်၊ “”(ဖောင်တိန်) ကို ၁ ကြိမ် နှင့် “‘(သင်ကြားသည်) ကို ၂ ကြိမ် ရည်ညွန်းဖော်ပြထားတာကို ကျွန်မတို့ မြင်တွေ့နိုင်ပါတယ်။ အစ္စလာမ်က ပညာလေ့လာသင်ယူခြင်းကို ဘာသာရေးတာဝန်တစ်ရပ်အနေဖြင့် မွတ်စ်လင်မ် တွေကို သင်ကြားပေးထားပါတယ်။… 𝐇𝐚𝐛𝐢𝐭 𝐍𝐨.𝟏𝟎- 𝐇𝐚𝐛𝐢𝐭 𝐨𝐟 𝐒𝐞𝐞𝐤𝐢𝐧𝐠 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞